∆ Unicode ∆
သူကို ကျောခိုင်းပြီး အိပ်ချင်ဟန်ဆောင်နေတယ် ခြည့်က အတော်လေးကို စိတ်ဆိုးနေပုံရသည် ။ ဖြစ်ပျက်သွားတာက တကယ်ရုတ်တရက်ဖြစ်ပြီး ၊ စချင် နောက်ချင် ရုံသက်သက်တာ ဟန့်ခြောက်ပြီး ဖက်မိလိုက်တာပါ ။
ဒါပင်မယ့် ခြည့် ရဲ့ မထိသင့်တယ် အဓိကနေရာကိုမှ သွားဆုပ်ကိုင်ထားမိလိုက်တော့လည်း စိတ်မဆိုးပဲမနေတော့ပါ ။သူဘယ်လောက်ပဲချော့ချော့ ၊ ဘယ်လောက်ပဲ တောင်းပန် တောင်းပန် လုံးဝစိတ်ဆိုးပြေပုံမရတယ် ခြည့်က သူပါးစပ် အမြှုပ်ပျံ့သွားတောင်မှ ဂရုစိုက်မယ့်ပုံမတွေ့ပါ။
ကြံရာမရတဲ့အဆုံးတော့ စိတ်ညစ်ညစ်နဲ့ ကိုယ်ခေါင်းကိုသာ ခပ်နာနာလေး ကုပ်ခြစ်မိလိုက်ပြီး ၊ ခြည့် ကျောပြင်ကနေ သိုင်းကြုံးဖက်ထားလိုက်ကာ ခြည့် ခြေထောက်တွေရော လက်တွေကိုပါ အကုန်ချုပ်ဖက်ထားလိုက်သည် ။
" ထွဋ်ခေါင် ဖယ်စမ်း ၊ မင်း ကိုယ်ဝိတ်က လေးတယ် "
" ဟင်အင်း မဖယ်ဘူး ၊ ခြည့် စိတ်ဆိုးမှမပြေတာ "
"ကျစ့် ! ဖယ်စမ်းဆို !"
" စိတ်ဆိုးပြေပါတော့ !!!"
" ဘာဖြစ်လို့ အသံကျယ်ကြီးအော်ပြောနေတာလည်း ထွဋ်ခေါင် "
ဆိုပြီး အံကြိတ်သံကြီးဖြင့် ခြည့် ဦးခေါင်းတာ လူပ်နိုင်ပြီး ၊ ထွဋ်ခေါင် ရှိရာနောက်ကို ခေါင်းထောင်ကြည့်လိုက်သည် ။
" ခြည့်မှ စိတ်ဆိုးမပြေတာ ။ ပြီးတော့ ထွဋ်ခေါင်ဆိုပြီး တစိမ်းစကားတွေကြီး ခေါ်နေတယ် ခြည့်က "
" မင်း နာမည်ကို ထွဋ်ခေါင်မခေါ်လို့ ခွေးကောင်လို့ ခေါ်ရမလားဟမ့် ။ ဖယ်စမ်းပါ လေးတယ် "
"ဟ ခြည့် ၊ မျက်နှာလှလှလေး နဲ့ ရိုင်းလိုက်တာ "
" ရိုင်းတော့ ဘာဖြစ်ချင်လည်း "
" ခြည့် ယောင်္ကျားပဲ ဖြစ်ချင်တာပါ ။ ခြည့် တခြားဟာ ဖြစ်ခိုင်းစေချင်ရင်လည်း မောင့်မငြင်းပါဘူးနော် ဟဲဟဲ "
"မင်း !!"
လို့တာ ခြည် ဒေါသထွက်လာနိုင်ပြီး ၊ ယုတ်ညံစကားတွေကို မြိုချပြစ်လိုက်ရပါတော့တယ် ။ သူကိုချော့နေတယ်လိုတာ ပြောတယ် မျက်နှာကိုကဘသနားစရာတကွက်မှ မတွေ့ ၊ သူစိတ်မတိုတိုအောင် စနေပြန်တယ် မောင့် ။
