UNI💗
ဆရာနဲ့မတွေ့ရတာ နှစ်ပတ်လောက်ရှိပြီ
ဆရာတကယ်ကြီးနေနိုင်တယ်ရော်...
တစ်မြို့ထဲနီးနီးလေးတောင် ကျတော့်ကိုလာမတွေ့ခဲ့ဘူး...ကျတော်လဲ ကျောင်းသွားတက်ဖို့ကိစ္စတွေပြင်ဆင်ရင်း... အချိန်တွေသာကုန်သွားတယ်
စိတ်က ဆရာရှိမှာ အမြဲပေါ့
ဟွန့် ရက်စက်သူကြီး ကျတော့်ကိုမေးထားရက်တယ်... မုန်းလိုက်တာ တကယ်....😫
တကယ်မမုန်းရက်ဘူး..
သိပ်ချစ်တယ်လေ...
ပိုချစ်တဲ့သူကပိုပင်ပန်းရတယ်မဟုတ်လား
ကျတော်လဲ အခုအရမ်းပင်ပန်းတယ်...
ဒါပေမယ့် ဆရာ့ကိုချစ်တဲ့စိတ်တွေက
လျော့မသွားဘူးးး အချိန်ကြာလေပိုပြီးတိုးလာလေ...
ဆရာရဲ့ပခုံးကျယ်ကျယ်ကိုမှီပီးးး
ဆရာ့နားကနေတဖွားမှမခွာပဲ
ကပ်ပီနေချင်မိတယ်...
တကယ်ပဲ မဖြစ်နိုင်တော့ဘူးလားးးး
......
အချိန်တွေသာတစ်ရွေ့ရွေ့ကုန်သွားခဲ့တယ်...
နောက်နှစ်ရက်နေရင် သွားရတော့မယ်..
ဆရာနဲ့အခုထိအဆက်အသွယ်မရသေးဘူး
ဆရာ့ဖုန်းကိုခေါ်တော့လဲ ဖုန်း မကိုင်~
ရက်စက်လိုက်တာ~
ကျတော့်ကို နဲနဲလေးတောင်မချစ်ခဲ့ဘူးလား??
......
ဟူးးးးးး လွမ်းလိုက်တာ ကလေးရယ်...
ကိုယ်တိုင်သွားတွေ့ချင်ပေမယ့်..
တွေ့မိရင် ကိုယ်က လက်လွှတ်ပေးချင်မှာမဟုတ်ဘူး ဆွဲထားမိနေအုံးမယ်...
ကလေးရဲ့ဘဝကို ကြိုးရှည်ရှည်နဲ့ မလှန်ထားချင်ဘူးးး ငါ့ဆန္ဒတွေကိုထိန်းထားမှဖြစ်မယ်...
လွမ်းလဲငါသည်းခံရမယ်...
ဒါတွေအားလုံးက ကောင်ကလေးအတွက်ပဲလေ...
.......
မနက် 9နာရီ..လေဆိပ်တွေ..
Kim Taeကို...SiWon နဲ့ Yuriတို့လိုက်ပို့ကြ..
ဖက်ပီး ငိုကြ အလွမ်းသည်ကြရင်းးး
Kim Tae flightပေါ်တက်ရန် အချက်ပေးသံကြားတော့မှ သူငယ်ချင်းနှစ်ယောက် ကိုနှုတ်ဆက်ပီး ဝင်ပေါက်ဝဆီတစ်ရွေ့ရွေ့သွားရင်းး
ဟိုကြည့်ဒီကြည့် မျှော်နေသူများပေါ်လာလေမလားးးးပေါ့...
ပြန်စဥ်းစားကြည့်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ထင်ပါရဲ့မျှော်လင့်နေသူရဲ့အရိပ်အယောင်တောင်မတွေ့ရ...KimTae ခေါင်းခါးလိုက်ပြီး
ရှေ့သိုဆက်လျှောက်.....
