32

17.4K 2.3K 153
                                    

Unicode

မြောက်ဘက် မြို့ဆင်ခြေဖုံး ရဲစခန်းတွင်—

ရှီယွင်နန် နှင့် ယွမ်ရွေ့မှာ အမှုဖွင့်ဖို့ စာရွက်စာတမ်းများဖြည့်ပြီး ထွက်လာသည်နှင့် တပြိုင်နက် အချင်းချင်း ဆုံကြတော့သည်။

"ယွမ်ရွေ့"

ရှီယွင်နန် သူ့ကို လှမ်းခေါ်လိုက်ပြီး ရှေ့သို့လျှောက် လာကာ ကျေးဇူးတင်လိုက်သည်။ "ခုနက ဆိုင်မှာ ကူညီပေးခဲ့လို့ ကျေးဇူးပါ။"

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ကြွေသုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်ဖက်လူက သူ့အစား သူ့ကိုယ့်ပိုင်ဟန်နဲ့ ဒေါသထွက်လာပေးတာပဲလေ။

  "..."

ယွမ်ရွေ့က သူ့ကျေးဇူးတင်တဲ့စကားကို ကြားတော့ အံ့ဩတကြီးပြန်လှည့်ကြည့်လာသည်။  သူ့ပါးစပ်ထောင့်လေးက အမြန်ကွေးတက်သွားပြီး သူအမြဲလုပ်နေကြပုံစံအတိုင်း ပြန်ပြောလာသည်။

"ဘယ်သူက မင်းကျေးဇူးတင်စကားကို ကြားချင်နေလို့လဲ? ငါ မင်းကို ကူညီတာမဟုတ်ဘူး။"

ယွမ်ရွေ့သည် ရှီယွင်နန်ကို အပေါ်အောက် စုံဆန်ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။ "မင်းသာ သူဌေးရဲ့ ကျောက်စိမ်းပန်းပုကို တကယ်ကွဲအောင်လုပ်တာဆို ငါကိုယ်တိုင် မင်းမငိုမချင်းကြိမ်းမှာ။ ကံမကောင်းလို့ အကျင့်မကောင်းတဲ့သူက သူဌေးဖြစ်နေလို့ပေါ့။ ငါ...ငါက ဒီတိုင်းမနေနိုင်ရုံပဲ။"

စင်ကြယ်ခြင်းက ကျောက်စိမ်းနဲ့တူတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။

( ကျောက်စိမ်းရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ပြေပြစ်မှုတို့ဟာ  လူကြီးလူကောင်းစရိုက်နှင့် အလွန်တူတယ်။ ဒါကြောင့် ကွန်ဖြူးရှပ်က "လူကြီးလူကောင်းတစ်ယောက်ဟာ  ကျောက်စိမ်းထက် စင်ကြယ်တယ်"ဆိုတဲ့ ဆိုရိုးစကားကို မိန့်ခဲ့ခြင်းဖြစ်တယ်)

မကောင်းတဲ့ ကျောက်စိမ်းကိုသုံးပြီး လူတွေဆီမှအမြတ်ထုတ်ခြင်းဟာ  ကောင်းသည့်အရာမဟုတ်ပေ။

ရှီယွင်နန်သည် ယွမ်ရွေ့ကို တိတ်တဆိတ် စူးစမ်းလိုက်သည်။ ဒီကောင်လေးအပေါ်ထားတဲ့ သူ့ရဲ့အထင်အမြင်မှာ အစကတည်းက သိပ်မဆိုးလှ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now