{22}

7.8K 1.3K 31
                                    


Unicode

{ဒါမင်းနဲ့မဆိုင်ဘူး။ဟုတ်ပြီလား။သွားအိပ်တော့}

{ငါ နင့်ရဲ့နောက်ဆုံးရသတင်းလေးတွေ စောင့်နေမှာနော်}

စကားပြောဆိုပြီးတာနဲ့ယွီအန်းယီလည်း ဖုန်ထပ်ချလိုက်သည်။နောက်ရက်အနည်းငယ်တွင်း သရုပ်ဆောင်အပြောင်းအလဲ‌တွေဖြစ်လာတော့မယ့်  ⟨⟨ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ⟩⟩ကို စောင့်ကြည့်ရဖို့ အရမ်းတွေဖြစ်နေပြီ။

ချူချန်သည် မိမိဖုန်းပေါ်ရှိရိုက်ကူးရေးအချိန်ဇယားကိုကြည့်ရင်း ဒီရပ်ဝန်းကအတော်လေး ပြဿနာများလွန်းတယ်ဟူ၍ပဲတွေးလိုက်မိတော့သည်။ကျိချင်းကျိုးက သူ့ရဲ့ပထမဆုံးဇာတ်လမ်းကိုရိုက်ချင်ရုံပဲလေ။သူဘာမှမလုပ်ထားလည်း အကြောင်းပြချက်မရှိ အနိုင်ကျင့်ခံနေရတယ်။သူသာတစ်ကြိမ်ထက်ပိုပြီး အချိန်ဇယားကိုမကြည့်ခဲ့ရင် ပြဿနာရှိနေတာကို သိမှာမဟုတ်ပေ။ယွီအန်းယီကလည်း အတွင်းပြဿနာတစ်ချို့တစ်လေပဲသိတယ်။သို့သော် ကိစ္စတွေကတော့ဖြစ်ပြီးသွားပြီ။ကျိချင်းကျိုးရော ဘာလုပ်နိုင်ခဲ့မှာလဲ? လူသစ်တစ်ယောက်အနေနဲ့ သည်းပဲသည်းခံခဲ့မှာ။

ချူချန်ကတော့ တွေးရင်းစဉ်းစားရင်းနဲ့ ကျိုးချန်ဖုန်းနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။လူသစ်တွေကို သူဘယ်လို ဂရုစိုက်ပေးနေတာလဲ?
အထူးသဖြင့် ကျိချင်းကျိုးကို အနိုင်မကျင့်အောင် အရင်ပြောထားရမယ်။

ဒါပေမယ့် ကျိချင်းကျိုးက သိတတ်လွန်းတယ်!

တစ်လျောက်လုံးအနိုင့်ကျင့်ခံရတာတောင် ချူချန်ကိုတစ်ခွန်းမှပြန်မပြောခဲ့ဘူး!

လုံလောက်ပါပြီ! သူ့ရဲ့ဈေးပေါတဲ့သားလေးက အဆုံးထိ သူ့ကိုယ်သူအားကိုးနေတုန်းပဲ!

ရှူးဂါးဒယ်ဒီနဲ့တိုးတက်ဖို့ကျတော့ရော!

တစ်ဖက်လူက သူ့ကိုလုံးဝ အားမကိုးတတ်ဘူးပဲ!

ချူချန်သည် ရှူတင်ကြေညာချက်ပေါ်က နာမည်တွေကိုကြည့်ကာ နောက်ဆုံးတော့ ထုတ်လုပ်သူလီဖေးကို တွေးမိသွားတယ်။သူ့ဖုန်းကိုအမြန်ဖွင့်ပြီးရှာကြည့်လိုက်တော့ ထုတ်လုပ်သူလီဖေးရဲ့ဖုန်းနံပါတ်ရှိနေတာအမှန်ပင်။ချူချန်လည်း ဖုန်ခေါ်ပြီး တည်တည်ငြိမ်ငြိမ်စောင့်နေလိုက်တယ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now