{23•1}

8.2K 1.3K 51
                                    


Unicode

{ရှောင်ရှင်း အရင်က နင်ပဲ  သူက အဆင့်ဆယ့်ရှစ်သရုပ်ဆောင်လေးမို့ သူ့ကို ပြောင်းချင်တာမလား။အခုပြောင်းလိုက်ပြီလေ။ဘာလို့ မကျေမနပ်ဖြစ်နေတာလဲ}

{ကျွန်မအဆင်ပြေပါတယ်။ရုတ်တရက်ကြီးပြောင်းလိုက်တာက ကျွန်မမျက်နှာကို ဖျက်ရိုက်လိုက်တာပဲမဟုတ်လား}

{နင့်မျက်နှာကို ဖျက်ရိုက်နေတာမဟုတ်ပါဘူး}

ကျန်းအိုက်ကပြုံးပြီးဆိုလာသည်။

{OK…ဒါဆိုပြီးပြီနော်။နင်နဲ့လုလုကို ချိန်းလိုက်ပြီ}

{ဘာလို့လဲ}

{ဘာလို့လဲဟုတ်လား။ထုတ်လုပ်သူကျန်းက ငါ့ကို ကိုယ်ရေးကိုယ်တာဖုန်းခေါ်ပြီး ကျိချင်းကျိုးရဲ့ မိတ်ကပ်နဲ့ဆံပင်ဆရာကို ပြောင်းလိုက်ဖို့ပြောလာတယ်လေ။ငါ့ဘာသာပြောင်းနိုင်တယ်လို့ နင်ထင်နေတာလား}

ကျောင်းရှင်းက တုန်လှုပ်သွားခဲ့တယ်။

{ဒီလိုအရာလေးတွက် ထုတ်လုပ်သူကျန်းက ဖုန်းခေါ်လာတယ်လား}

သူမငယ်လွန်းသေးတယ်လို့ ကျန်းအိုက်တွေးလိုက်တယ်။အနုပညာလောကအကြောင်းတောင် ကောင်းကောင်းနားမလည်သေးဘူး။

{မင်း……}

သူမသက်ပြင်းချလိုက်သည်။

{ကျောင်းရှင်း နင်ကအရမ်းတော်ပါတယ်။ဒါပေမယ့် နင့်ရဲ့ ကောင်းကျိုးပဲကြည့်နေတာကြီးက အရမ်းပြင်းထန်နေပြီ}

ကျန်းအိုက်က စကားဆုံးသွားတာနဲ့ ဖုန်းချသွားသည်။ကျန်နေခဲ့တဲ့ကျောင်းရှင်းကတော့ စိတ်ရှုပ်နေတဲ့အမူအရာကြီးနဲ့ သူမဖုန်းကို ဆက်ကြည့်နေလေသည်။ဘာလို့ ထုတ်လုပ်သူကျန်းက ကျန်းအိုက်ဆီဖုန်းဆက်တာလဲ? ကျိချင်းကျိုးက အခုမှအနုပညာလောကထဲဝင်လာတဲ့ အဆင့်ဆယ့်ရှစ်လူသစ်လေးပဲမဟုတ်လား? သူတွက်နဲ့ ထုတ်လုပ်သူကျန်းက ကျန်းအိုက်ကို ဘာလို့ ဖုန်းခေါ်ခဲ့ရတာလဲ? ဒါမှမဟုတ် သူ့မှာတကယ်ပဲ နောက်ခံကောင်းကောင်းရှိပြီး ထုတ်မပြခဲ့ရုံပဲလား?

ကျောင်းရှင်းကတော့ လုလုကိုမလွှဲပေးချင်ပေ။တစ်ခြားတစ်ယောက်သာ ဒီနေ့သူမကိုအစားထိုးဖို့ရောက်လာပြီး နောက်ပိုင်း ကျိချင်းကျိုးကို မိတ်ကပ်မပြင်ပေးရတော့ဘူးလို့ပြောလာရင် သူမလည်း ဒုတိယခေါင်းဆောင်မင်းသားဘက်ပြောင်းလိုက်နိုင်လို့ အရမ်းကိုပျော်ရွှင်နေမိမှာဖြစ်သည်။ဒါပေမယ့် လုလုက…အဖွဲ့ခေါင်းဆောင်ရဲ့ အနှစ်သက်ဆုံး လုလုက…မပြောင်းလဲဖို့တွက် လိမ်ဆင်တွေပြောဖို့စဉ်းစားရတော့သည်။
သေချာတာတော့ ကျိချင်းကျိုးက မြင်တွေ့နေရသလိုမျိုး မရိုးရှင်းလောက်ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now