If only you were in my place.....❄️(41)

7K 131 8
                                        

Unicode.........

If only you were in my place.......❄️

Ep 41

မျက်လုံးတို့ကိုစုံဖွင့်လိုက်တာနဲ့ သူ့ရင်ခွင်ထဲမှာအိပ်မောကျနေတဲ့ခက်ကို မြင်ရတာက သူ့ကိုစိတ်ချမ်းသာစေသည်
ကြင်ကြင်နာနာလေးပြုံးရုံသာပြုံးလိုက်ပြီး ခက်မျက်နှာပေါ်မှာကပ်ညိနေတဲ့ ရှေ့ဆံပင်မွှေးအနည်းငယ်တို့ကိုဖယ်ရှားပေးနေတော့သည်
သူ့လက်မောင်းပေါ်မှာအိပ်နေတဲ့ကောင်မလေးက သေးသေးလေးပင်
အခုလိုကြည့်တော့လဲ သူလူနှစ်ယောက်ကိုချစ်ခဲ့ဖူးသလို ခံစားရသည်
သူခက်ကိုချစ်တာဘာကြောင့်လဲ... ရုပ်အဆင်းအင်္ဂါကိုကြည့်ပြီးချစ်ခဲ့တာမဟုတ်မှန်း အခုအခြေအနေတွေကသက်သေပင်...
ရွှေအိုရောင်ဆံပင်နှင့် Bella ဖြစ်ခဲ့ဖူးတဲ့ခက်ကိုလဲချစ်သလို အခုအနက်ရောင်ဆံပင်နှင့် ပုတက်တက်ခက်ကိုလဲချစ်သည်
ခက်ကဘယ်လိုအသွင်ပုံစံ ဘယ်လိုအဆင်းအင်္ဂါတွေနဲ့ပဲဖြစ်ပလိမ့်စေ သူမရဲ့ကြင်နာတတ်တဲ့နှလုံးသားကိုရော သူ့ကိုဂရုစိုက်စိတ်ပူတတ်တဲ့ခက်ရဲ့ပုံစံသေးသေးလေးတွေက အသေးစိတ်တခုချင်းစီသဘောကျရတာမို့ ခက်အသွင်ပြောင်းသွားရုံနဲ့သူ့စိတ်ကတော့မပြောင်းသွားပေ

'ဂျပုမလေး.... အရင်ခန္ဓာကိုယ်ကိုသေးတယ်မှတ်နေတာ အခုကျပိစိလေးပါလား....'

ခက်ရဲ့နှာခေါင်းကိုပွတ်ကာ ပါးလေးကိုဖွဖွလေးဆွဲပြီး ပြောလိုက်ခြင်းဖြစ်သည်
ခက်အိပ်နေတာမို့ သူ့လက်ထဲ၌အရုပ်တရုပ်လိုပင်
နှုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက် ပါးလေးကိုဖြေးဖြေးလေးဆွဲလိုက်နဲ့ သူချစ်မြတ်နိုးရတဲ့ကောင်မလေးကို ကလိနေတော့သည်

'လွမ်းလိုက်တာ အချစ်ရယ်....'

စကားလေးတပြောပြောနဲ့ ခက်ကိုခါးကနေဖက်ထားကာ နမ်းလိုက်သည်ဆိုသည်မှာ နမ်းလို့ကိုမဝပင်
နမ်းလျှင်ပိုနမ်းချင်လျှင်မို့ ခက်နိုးမှာလဲကြောက်နေရသေးသည်......

'ဟင်း.......'

ခက်ရဲ့အသံသေးသေးလေးထွက်လာသည်နှင့် ခါးမှာကိုင်ထားတဲ့ သူ့လက်တို့ကိုလွှတ်လိုက်ကာ မသိချင်ယောင်ဆောင်လိုက်တော့သည်

'ဟင် နှိုင်း....'

မျက်လုံးနှစ်လုံးပွင့်သည်နှင့် နှိုင်းကိုမြင်လိုက်ရသည်က သူ့ကိုထိတ်လန့်ပျာယာစေသည်
တဆက်ထဲမှာပဲ မနေ့ညကကိစ္စကိုသတိရကာ အိပ်ရာပေါ်ပြုံးပြုံးကြီးလှဲနေတဲ့နှိုင်းရဲ့ပါးကို ခပ်နာနာလေးချလိုက်တော့သည်
သူမရဲ့ခြေထောက်သေးသေးလေးနဲ့ နှိုင်းရဲ့ကိုယ်ကိုလဲ ကုတင်ပေါ်က တွန်းချလိုက်သေးသည်

If Only You were In My Place...... ❄ (Complete 🔞)Dove le storie prendono vita. Scoprilo ora