{ 24}

8.2K 1.3K 109
                                    

Unicode

သူအော်ပြောလိုက်မှ ဝန်ထမ်းတွေလည်း ချန်ကျိယွမ်ကိုတစ်ယောက်ယောက်ကန်နေပါလားဆိုပြီး အံ့ဩရာမှသတိဝင်လာကာ မြန်မြန်ရေပန်းပိတ်လိုက်ကြသည်။ကျိချင်ကျိုးပါ သတိဝင်လာလျက် ချူချန်ဆီချက်ချင်း သွားလိုက်သည်။

ချန်ကျိယွမ်က လက်အားသုံး၍ ထရပ်ဖို့ကြိုးစားသော်လည်း ချူချန်ထပ်ကန်တာခံလိုက်ရသည်။သူ့ အေးဂျင့်နဲ့လက်ထောက်က မြန်မြန်ပြေးလာကြတော့ ထိုအရာကိုမြင်တဲ့ရှောင်ချန်းကလည်း မြန်မြန်ပြေးလာသည်။
(နင်တို့အုပ်စုလည်း ဟိုပြေးဒီပြေးနဲ့🤣)

ဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာက တစ်ဦးကိုတစ်ဦးကြည့်ကာ သူ့တို့မျက်လုံးထဲကမေးခွန်းကတော့ တူတူပင်။

"ဒါဘယ်သူကြီးလဲ?"

"မင်းဘာလုပ်တာလဲ"

ချန်ကျိယွမ်ရဲ့အေးဂျင့် ကျန်း‌ဟွေ့က ချူချန်ရှေ့ပြေးလာပြီး သူ့ကိုရိုက်ချင်သော်လည်း ထိုအစား ချူချန်ဆီးဖမ်းတာခံလိုက်ရသည်။

ချူချန်က စိတ်မဝင်စားစွာပြောလာတယ်။

"မင်းကော ဘာလုပ်တာလဲ"

ကျန်ဟွေ့ဟာ ဒေါသတကြီးဖြင့်မနီးမဝေးရှိဝန်ထမ်းများကိုလှမ်းအော်လိုက်သည်။

"ရိုက်ကွင်းမန်နေဂျာဘယ်မှာလဲ။မင်းတို့ဘာလုပ်နေကြတာလဲ…မြန်မြန်လာပြီး ဒီအရူးကိုခေါ်ထုတ်သွားစမ်း"

သူ့စကားကြားတော့ ချူချန်ရဲ့အားကပိုပြီးပြင်းထန်လာကာ ကျောင်းဟွေ့ကလည်း နာနာကျင်ကျင် အော်ဟစ်တော့သည်။
"အားးးးး အားးးးးးအားးးးး"

ချူချန်ကတော့ အေးဆေးပင်။
"ကြည့်စမ်းပါဦး အခုဆို မင်းကပိုပြီးအရူး~နဲ့~တူနေတာပဲ~"

ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ချန်ကျိယွမ်ရဲ့လက်ထောက်ဟာ သူ့ကိုရန်မစရဲပဲ ဖျောင်းဖျလာခဲ့သည်။

"မင်းတစ်ခုခုပြောစရာရှိရင်လည်း ကျိကောကို အရင်လွှတ်ပေးလိုက်နော်"

ချူချန် သူ့ကိုအာရုံမစိုက်တဲ့အချိန်လေးကိုအခွင့်ကောင်းယူ၍ ချန်ကျိယွမ်က မတ်တပ်ထရပ်ပြီး ချူချန်ကိုလက်သီးနဲ့ထိုးလိုက်သည်။ချူချန်ကလည်း တစ်ဖက်တိမ်းလိုက်ကာ ကျောင်းဟွေ့နဲ့ကာလိုက်သဖြင့် ချန်ကျိယွမ်ရဲ့လက်သီးက ကျန်းဟွေ့မျက်နှာကို တိုက်ရိုက်တီးသွားသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now