Unicode
မီတစ်ယောက်နားထဲ ဂွင်းစို့ထားရသည် ။ ဆေးခန်းမှာကတည်းက ဆေးထိုးလို့တဲ့ ဆေးထိုးအပ်ကြောက်တယ်ဆိုပြီး အော်ငိုနေတာပင် ပါးရောင်တာလောက်က ထိုးစရာမလိုပေမဲ့ ဆေးခန်းရောက်မှ အဖျားရှိနေတာပါသိရ၏ ဒီကောင်လေး အဲ့သလောက်ကိုနုလွန်းသည် ။
ငိုရင်းအော်နေတာကလည်း ဆေးခန်းကိုခေါ်မယ်မှန်းသိရင် မလိုက်ပါဘူးတဲ့ ။ ကားထဲရောက်တဲ့အထိ အထိုးခံရတဲ့နေရာလေးကိုပွတ်ပြီး ငိုနေတာပင် ။
"မတော်သေးဘူးလားဟာ.....ငါနားတွေညီးလှပြီ ဆေးလေးထိုးတာကို ငိုစရာလား ''
"အီး! ဟီး! အီး! သားကဆေးကြောက်တယ်ဆိုနေ အတင်းဆေးထိုးခိုင်းနေတယ် မမက မကောင်းဘူး အနိုင့်ကျင့်တယ်''
"ကဲပါ.....ဒီလိုလုပ် ရေခဲမုန့်ဝယ်ကျွေးမယ်လေ မငိုနဲ့တော့နော်''
"တကယ်လား.....''
မီတကယ်လို့ပြောမိမလိုဖြစ်ခါမှ သူဖျားနေတာကိုသတိပြန်ရ၏ ။ ကောင်လေးကြည့်တော့လည်း တကယ်မျှော်လင့်နေပုံပေ ဒါပေမဲ့ မတတ်နိုင်ပါ ။
"မရဘူး တခြားဟာစား''
"အဟင့်! အီး! ပြောတော့ဝယ်ကျွေးမှာဆို''
"မင်းကဖျားနေတာလေ ဘာလဲဆေးထပ်ထိုးချင်သေးလို့လား''
"..........''
ချက်ချင်းတိတ်ကျသွားတဲ့ကောင်လေး ဆေးထိုးအပ်တော့ အတော်ကြောက်ပုံရသည် ။ မီတို့ကလဲခြောက်လို့ရရင်ပိုလို့ ဖြဲခြောက်ချင်တာမျိုးပင် ။ ဒါပေမဲ့ သနားလို့အလွတ်ပေးလိုက်ပါ့မယ် ။
"တစ်ခြားတည့်တဲ့ဟာစား ဘာစားမလဲ''
"မုန့်ဟင်းခါးစားချင်တယ် အဒေါ်ကြီးတုံဆိုင်က မုန့်ဟင်းခါးက အရမ်းကောင်းတယ် မစားရတာကြာလို့ဝယ်ကျွေးပါလားဟင်''
"ရတယ်လေ ဝယ်ကျွေးမယ် ဘယ်နားကဆိုင်လဲပြော''
ကောင်လေးပြောတဲ့လမ်းအတိုင်း ကားမောင်းပို့တော့ လမ်းဘေးကမုန့်ဟင်းခါးဆိုင်လေးမို့ မီနှခေါင်းရှုံ့မိသည် ။ မီကဒီလိုမျိုးတွေ မစားတတ်ပါ လမ်းဘေးဆိုင်ဆိုတော့ သန့်ရှင်းမှုနည်းတယ်ထင်မိတာကြောင့်ဖြစ်သလို ဆိုင်ကောင်းကြီးထဲမှာဘဲ စားခဲ့ဖူးတာကြောင့်လည်း ဖြစ်သည် ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။