Epi (36) Unicode

6.4K 568 8
                                    

အပိုင်း(၃၆)

ဒေါ်မူယာနွယ်တစ်ယောက် ညဘက်အိပ်မပျော်သဖြင့် ခြံထဲသို့ လမ်းခဏဆင်းလျှောက်ရာ မျက်စိရှေ့သို့ ၀င်‌ ရောက်လာတဲ့ ကားမီးအလင်းရောင်ကြောင့် မျက်ခုံးတန်းတို့ တွန့်ကွေးသွားသည်။

မောင်းလာသူကို ကြည့်မိတော့ ‌မြေးဇဏ်ရဲ့
ပင်တိုင်ဒရိုင်ဘာဖြစ်နေသည်။

"သခင်မကြီး"

"ဒါက ဘယ်လိုဖြစ်လာတာလဲ "

"ဟို ကလေးတွေ စုပြီး သွားကြတယ်ထင်ပါတယ် "

နောက်ခန်းမှာ လှဲနေတဲ့ မြေးဖြစ်သူကြောင့် သူ့အသံကခပ်ဆတ်ဆတ်ဖြစ်နေမှာ မလွဲ။

"ဒီလောက်ထိတောင်ဖြစ်လာတာလား"

"သခင်‌လေး ပုံစံက စိတ်ညစ်စရာ ရှိပုံပဲ "

"အိမ်မှာနေနေတဲ့ သူကဘာတွေများ စိတ်ညစ်စရာရှိနေရတာလဲ "

"ဒါတော့ ကျွန်တော်လည်း မသိပါဘူးခင်ဗျ "

သခင်လေးက ကောင်လေးတစ်ယောက်အိမ်ရှေ့ထိသွားကာ နှစ်ယောက်ပွေ့ဖက်နေကြသည့် မြင်ကွင်းကို ပြောမပြလိုက်ပါ။ အလုပ်သမားတစ်ယောက်ပေမို့ မိသားစု အရှုပ်အရှင်းကြားထဲ သူမ၀င်လိုပေ။

"ဒါဆို သွားတော့ ။ ငါ့မြေးကို ငါပဲခေါ်ခဲ့လိုက်မယ် "

"ဖြစ်ပါ့မလား "

"ဖြစ်တယ် ။ ကားက ဂိုဒေါင်ထဲထည့်မနေနဲ့တော့ ။ ဒီမှာပဲရပ်ထားလိုက် "

"ဟုတ်ကဲ့ "

ထို့နောက်တွင်တော့ ဒရိုင်ဘာမှာ သူနေထိုင်ရာ အလုပ်သမားတန်းလျားသို့သာ ပြန်သွားသည်။
ဆင်၀င်အောက်မှ ကျန်ခဲ့သူက သူနဲ့မြေးနှစ်ယာက်သာ။

ဒေါ်မူယာနွယ်လည်း ကားတံခါးကိုဖွင့်လိုက်ပြီး မြေးကို လှုပ်နိုးလိုက်သည်။

"မြေး။ထ တော့ ။ အိမ်ရောက်ပြီလေ "

အင်းအဲ အသံပြုကာ မျက်လုံးတို့ကို ဖွင့်လာသည်။သူ့ကိုမြင်တော့ အဖွားမှန်းတော့ သိသေးပုံရသည်။

"ဖွား"

"လာ ဖွား။ မြေးအခန်းထိ လိုက်ပို့မယ်"

ဟိုတစ်ခါ ဖြစ်ကြတဲ့ ပြဿနာမှာ သူမလွန်သွားမှန်း သိပေမဲ့ အလျှော့မပေးခဲ့။
မြေးက ယိုင်တိုင်တိုင်ဖြင့်ထလာကာ အိမ်ထဲသို့၀င်သွားသည်။ အခန်းဆီသို့ မသွားဘဲ ဆိုဖာထက်ပစ်လှဲချကာ…

Love Of My Life [Completed]Where stories live. Discover now