အပိုင်း(40)Un Zaw

2.6K 260 39
                                    

"  ဆရာလေး ဆရာလေး !!

တကြော်ကြော်အော်ခေါ်ပြီး အိမ်ထဲဝင်လာတဲ့ ကျောက်ခဲ

"ကျောက်ခဲအကို အိမ်နောက်ဘေးမှာ

နွေဦးကျောက်ခဲကိုအသံပြန်ပေးလိုက်ပြီး စံပယ်ပင်လေးကို ဆက်ပြီးမြေစွပေးနေလိုက်သည်။

" ဆရာလေးက ဒီရောက်နေတာကို ဘာတွေလုပ်နေတာလဲ

"မိုးရာသီရောက်ပြီဆိုတော့ စံပယ်ပင်တွေ ရေသောက်ရအောင် လုပ်နေတာ

ကျောက်ခဲဆရာလေးဘေးဝင်ထိုင်လိုက်ပြီး

"ဆရာလေးကို ရွာသူကြီးကခေါ်ခိုင်းလိုက်လို့

"အခုလား

"အခုမဟုတ်ပါဘူး ညနေ နေအေးမှတဲ့

"ဘာများပြောမလို့လဲမသိဘူး

"ကျွန်တော်လဲမသိဘူး

နွေဦးလဲ ဆက်ပြီးတော့ မြေဆွနေလိုက်၏

"ဒါနဲ့ ဆရာလေးကို ကျွန်တော်မေးစရာရှိလို့

"မေးလေ

"စိတ်မဆိုးဘူးလို့ ကတိပေး

နွေဦး အစွယ်တွေပေါ်အောင်ပြုံးပြလိုက်ပြီး

"ပေးတယ်

" ဟို ကိုကြီးခွပ်ဒေါင်းကိုအဖြေဘယ်လို ပြန်ပေးလိုက်လဲဟင်  ဆရာလေးပေးတဲ့အဖြေကို အရမ်းသိချင်နေတာ

နွေဦးမှာကျောက်ခဲစကားကြားပြီး  မျက်နှာကပူလာတယ်လို့တောင်ခံစားရသည်။ ခွပ်ဒေါင်းကို ချစ်တယ်လို့အဖြေပြန်ပေးလိုက်တယ်ဆိုတာကိုလဲ ပါးစပ်ကပြောမထွက်

မျက်နှာတွေနီရဲဘူး ရှက်နေတဲ့စရာလေးကိုကြည့်တာ ကျောက်ခဲ ဆရာလေးပေးလိုက်တဲ့အဖြေကို ကောင်းကောင်းသိသွားသည်။

"ကျွန်တော်သိပြီး

"ဟင်

"ဆရာလေး ကိုကြီး ခွပ်ဒေါင်းကို  ချစ်တယ်လို့ အဖြေပေးလိုက်တာမလား

မျက်လုံးပြူးပြီး အံ့ဩနေတဲ့ဆရာလေးကိုကြည့်ပြီးကျောက်ခဲရီလိုက်သည်။

"ဆရာလေးကမပြောပြတောင် ဆရာလေးမျက်နှာ မှာ ပေါ်နေတယ်လေ ဟီးဟီး

ဒေါင်းWhere stories live. Discover now