{25}

8.8K 1.2K 72
                                    

Unicode

ခဏကြာသည်အထိ အနမ်းမခံရသည့်ချူချန်မှာ ကျိချင်းကျိုးမျက်နှာကိုအုပ်ကိုင်ပြီးမေးလိုက်သည်။
"အနမ်းပေးမယ်ဆို"

ကျိချင်းကျိုးကလည်း အံ့ဩသွားတယ်။
"ခင်ဗျားအရင်မနမ်းဘူးလား"

ချူချန်ရယ်ရင်း"အိုကေ" လိုပြောကာ စိတ်အခြေအနေကောင်းလာသည်။

"ကိုယ့်တစ်ဦးတည်းသောသားဖြစ်အောင်  မင်းလေးကိုဘယ်သူဖန်တီးခဲ့တာများလဲ"

သူအဲ့လိုပြောတော့ ကျိချင်းကျိုးရှက်ရွံ့လာသည်။

ချူချန်ကသူ့ကိုစူးစိုက်ပြီးကြည့်လာသဖြင့် ကျိချင်းကျိုးကအလိုလိုခေါင်းလှည့်လိုက်မိ၏။ချူချန်ကတော့ သူ့ခေါင်းလေးကိုပြန်ဆွဲယူပြီးသူ့ဘက်လှည့်စေသည်။ကျိချင်းကျိုးမှာ ခင်ဗျားနမ်းရင်လည်းမြန်မြန်နမ်း…အဲ့လိုကြီးမကြည့်နဲ့လို့ပြောခါနီးကာမှ သူ ပါးစပ်ဖွင့်လိုက်သည်နှင့်တစ်ခွန်းမှမပြောလိုက်ရဘဲချူချန်နမ်းတာခံလိုက်ရသည်။

ဒီတစ်ခါတော့တကယ့်စိုစွတ်မွတ်သိပ်သောအနမ်းပင်။

ကျိချင်းကျိုးရဲ့စိတ်တွေဝေဝါးလာပြီးဘယ်လိုပြန်နမ်းသင့်လဲမသိတော့ပေ။ကံကောင်းချင်တော့ ချူချန်ကအလွန်စိတ်ရှည်သည်။ညင်ညင်သာသာနဲ့ဖြည်းဖြည်းချင်းသင်ကြားပေးလာခဲ့တယ်။ချူချန်သည် ခဏလောက်နမ်းပြီးသည်နှင့်ကျိချင်းကျိုးနှုတ်ခမ်းလေးအားလွှတ်ပေးကာ နဖူးချင်းတေ့ဆိုင်လိုက်သည်။

"ပြန်လည်းမနမ်းဘူးကွာ"

"ကျွန်တော်မှမနမ်းဖူးတာ"
ကျိချင်းကျိုးက တိုးတိုးလေးဆိုသည်။

ထို့နောက် ချူချန်ကိုကြည့်၍ စိတ်ရှုပ်စွာပြောလာသည်။
"ခင်ဗျားကျ အတော်ကျွမ်းတယ်"

ချူချန်သည် သူ့ကိုလွှတ်ပေးပြီးတာနဲ့ပြန်မှီထိုင်လိုက်ပြီး ဂုဏ်ယူစွာပြောလာသည်။

"နမ်းတယ်ဆိုတာ ယောင်္ကျားတစ်ယောက်ရဲ့ပင်ကိုယ်အရည်အချင်းပဲလေ။ကိုယ်ကအရမ်းတော်တာမို့အခက်မတွေ့တာဖြစ်မယ်"

ကျိချင်းကျိုးဟာမျက်မှောင်ကြုတ်ပြီး ချူချန်ကိုမေးလာသည်။
"ကျွန်တော်မှားလို့လား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now