အပိုင်း (၆၅)

12.7K 667 25
                                    


~~ပြွတ်စ်~~

"အွင့်...အွန်း...."

ကိုကိုလို့ခေါ်ပါ့လား အသည်းရယ် ။

" ဟင့်....."

" နာသွားလား ကလေး.....ကိုကို လွမ်းနေခဲ့ရတာမို့ပါကွာ...."

အချိန်ကြာကြာ နမ်းရိူက်မိလို့ထင်ရဲ့ ဟင့်ခနဲ ..မဲ့ချပုံလေးကြောင့် ပြာပြာသလဲ ရင်ခွင်ထဲ ထည့်ပြီး ချော့မြူနေမိသည်။

" ကလေးနဲ့အတူ သံသရာအဆုံးထိ လက်တွဲသွားချင်တယ်"

" တော်ပါ...."

"ကိုယ့်အသည်း မယုံရင် မနက်ဖြန် ရေစက်ချပြီး အဓိဌာန်ပြုသစ္စာဆိုကြမယ်လေ "

" ဘယ်လိုတွေ အရှက်မရှိပြောနေလဲ ...ဖယ်စမ်းဗျာ "

" အရှက်၊ သိက္ခာ ဆိုတာထက် ကိုကိုဘေး ကလေးမရှိလို့ မဖြစ်ဘူးလေ၊ ကလေးငယ် ကိုယ့်ဘေးမရှိတော့ ကိုယ့်မှာအရူးတပိုင်း သွက်ချာပါတော လိုက်လို့ "

" အဲ့ဒါ ခင်များကိစ္စလေ "

" ကိုယ် ဝင်သက်/ထွက်သက်တိုင်းမှာ ကလေးငယ်ဆိုတဲ့ တမ်းတ ခြင်းတွေ ပါနေတယ် ၊ အသက်ရှင်သန်ရခြင်း အကြောင်းတရားက ကလေးငယ်ဆိုရင် အကျိုးဆက်က သားငယ်နှင့်အတူ ကိုယ်တို့မိသားစုလေး ပျော်ရွှင်ရဖို့ ပါ ကွာ "

" အာ.....ခင်များပဲ စကားတက်နေလိုက် "

" သိပ်ချစ်တာမို့ပါ ၊ ကိုယ်အရမ်းနောင်တရနေပါပြီ ကိုယ့်လက်ကို လွတ်မချလိုက်ပါနဲ့နော် ကလေးငယ် "

" ကဲ...သွားမယ်လို့ .."

" သံသရာ ထိလား အသဲ "

" ဟယ်....ကဲဟယ်....ဘုန်း ~ ဘုန်း......."

" ဟား....အရမ်းချစ်တယ် ကလေးငယ် "

ခပ်တင်းတင်း ဖက်ထားမိပါသော ခါးသိမ်သိမ်လေးကို ဖြေချပေးမိတော့ လုံးနေအောင် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားသည့် အမျိုးသားလေးကိုကြည့်ပြီး ချစ်စိတ်တွေ တိုးမြင့်စွာ။ ရှက်နေသူလေးအား ရင်ခွင်ထဲမှာသာ ဖွက်ထားချင်တာမျိုး ၊ သူလေးငိုရိူက်ရင် ကိုယ့်ကမ္ဘာမှာ မိုးစွေပြီး ၊ မြတ်နိုးသူလေး အပြုံးကို သာ ငေးရရင်လည်း ဖြစ်တယ် ချစ်သူလက်ကလေးအား ဆုပ်ကိုင်ထိုင်းရင်းပေါ့။

ချစ်ခြင်းတို့အလွန် Where stories live. Discover now