အခန်း(31)

19K 1.2K 36
                                    

"Honey"

"ဗျာ"

"Babiesတို့ကို မူကြိုထားဖို့ ကိုယ်​ မိတ်​​ဆွေ​ကျောင်းမှာ ထားဖို့စီစဉ်​ထားတယ်​"

ညဖက်​ အိပ်​ရာထက်​​ရောက်​​တော့ honey​လေးကို ရင်​ခွင်​ထဲထည့်​ပြီး babiesတို့ကို​ကျောင်းထားမယ့်​ကိစ္စ​ပြော​တော့ honey​လေးက ​တွေ​တွေ​လေး လွှမ်းရိပ်​ကိုကြည့်​လာ​တော့တယ်

"Babiesတို့​ကျောင်းတက်​လို့ သူတို့က သူများ​တွေနဲ့မတူတာသိရင်​ ဘယ်​လိုလုပ်​မလဲ"

"ဘာကိုမတူတာလဲhoneyရယ်​"

"တခြားသူ​တွေမှာ အ​ဖေနဲ့ အ​မေရှိတယ်​​လေ"

"ကိုယ့်​အသဲက အ​တွေး​တွေများ​နေပြန်​ပြီ ခုဘယ်​​ခေတ်​မှာ​နေ​နေတာလဲ အသဲ ကိုယ်​တို့လိုမိသားစု​တွေ အပြင်​မှာအများကြီးရှိ​နေပြီ​လေ"

"ဒါပင်​မယ့်​ babiesတို့ကအ​မေ ဆိုတာကို​မေးရင်​​ရော"

"Babies​လေး​တွေက ဥာဏ်​​ကောင်းတာ honeyသိတယ်​မလား"

"ဟုတ်​"

"အဲလိုဥာဏ်​​ကောင်းတဲ့က​လေး​လေး​တွေက ဘာမှရှင်းပြစရာမလို​အောင်​ နားလည်​​နေလိမ့်​မယ်​"

ဟင်း ဟူး

"သက်​ပြင်း​တွေအရမ်းမချပါနဲ့ကွာ ကိုယ့်​ကိုမယုံဘူးလား"

လွှမ်းရိပ်​ကို မျက်​လုံး​တောက်​​တောက်​​လေးနဲ့​မော့ကြည့်​လာပြီး

"ယုံပါတယ်​ darlingကိုယုံတယ်​"

လွှမ်းရိပ်​ နှုတ်​ခမ်း​လေးကိုနမ်းလိုက်​ပြီး

"ကိုယ့်​ကိုယုံ ပြီး​တော့ babies​လေး​တွေကိုလည်းယုံ​နော်​"

"ဟုတ်​"

"ချစ်​ဖို့​ကောင်းလိုက်​တာ ကိုယ့်​အသဲကကွာ"

လွှမ်းရိပ်​ နဖူး​လေးကို နမ်းလိုက်​​တော့ honey​လေးက ပြုံးရင်း လွှမ်းရိပ်​ ရင်​ခွင်​ထဲ တိုးဝင်​လာ​တော့တယ်​ ရင်​ဘတ်​နားကို ခိုးနမ်း​နေတဲ့ ​ကောင်​​လေး​ကြောင့်​ လွှမ်းရိပ်​ပြုံးလိုက်​ရင်း ​ကျောပြင်​အိအိ​လေးကို ပွတ်​လိုက်​မိ​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now