4. World-1.3

1.2K 106 0
                                    


Unicode

ဒီတော့ သူက ဒီနေရာမှာလုပ်တာပေါ့....

မနေ့တုန်းက သူ့အစီအစဉ်က မအောင်မြင်တာမလို့ ကျောင်းဆင်းတော့ ယန်က Jihoonရဲ့အလုပ်ကို လိုက်သွားလိုက်သည်... ဇာတ်လိုက်က သူ့ကို တစ်နေကုန်လျစ်လျူရှုထားတာကြောင့် အချစ်levelက တက်မလာပေ... သူတစ်ခုခုလှုပ်ရှားမှဖြစ်တော့မယ်... သူအိမ်ပြန်ရောက်တော့ ညနေ၆နာရီထိုးနေပြီ ဘာလို့လဲဆိုတော့ သူဝင်ထားတဲ့ဇာတ်ကောင်ဖြစ်တဲ့ Daewon က အတန်းဖော်တွေကို ကူညီလေ့ရှိတာကြောင့်ပင်....

Author : အဲ့ဒီတော့? ဒီမှာပဲ တစ်ချိန်လုံး မတ်တပ်ရပ်နေတော့မှာလား...

ယန်တစ်ယောက် နှုတ်ခမ်းသပ်လိုက်သည်... တကယ်ပဲ သူဝင်ပေါက်မှာ မတ်တပ်ရပ်နေတာ...

{ကျွန်တော့်ကို ကူညီနိုင်မလား... ဒါမှမဟုတ် သူ့အနားကပ်လို့ရအောင် စဉ်းစားပေ}

Author : ငါ့အကြံဉာဏ်တွေကို မင်းလိုက်မှီမှာမဟုတ်ဘူး... ကိုယ့်ဘာသာကိုယ်စဉ်းစား... ပြီးတော့ ဒါက မင်းရဲ့missionလေ

{ဒါဆို ဘယ်သူက ကျွန်တော့်ကို ဒီထဲပို့လိုက်တာလဲ မေ့သွားပြီလား}

ယန်တစ်ယောက် ချောင်းဟန့်လိုက်ကာ ဘားကောင်တာကို သွားလိုက်၏... ထို့နောက် ထိုင်ခုံတစ်ခုဆွဲကာ ထိုင်လိုက်သည်... Jihoon ကိုတော့ အစောကတည်းက သူမြင်ပြီးပြီ... သူက အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး အပေါ်ထပ် အနက်ရောင်နဲ့ ဘောင်းဘီအနက်ရောင်ကို ဝတ်ထားကာ အခြားအဖျော်ဆရာနှစ်ယောက်နဲအတူ ဝိုင်တွေထားတဲ့နေရာမှာ ရပ်နေရင်း အရက်ပုလင်းတွေကို သုတ်နေသည်...

{သူအလုပ်များနေတယ်ဆိုရင် ကျွန်တော့်ကို အာရုံစိုက်အောင်ဘယ်လိုလုပ်ရမလဲ}

ချန်းယန်ပုခုံးပင့်ကာဆိုလိုက်သည်...

Author : မင်းရဲ့ဆွဲဆောင်မှုတွေကိုထုတ်သုံးလိုက်! မင်းက Alpha ပဲဟာ....

"Hello အချောလေး တစ်ယောက်တည်းလား... ကျွန်တော်နဲ့အတူလာသောက်ပါလား" အမျိုးသားOmega တစ်ယောက်က ယန်အနားချဉ်းကပ်လာ၏... Omega လို့ဘာလို့ပြောနိုင်လဲဆိုတော့ သူ့pheromonesတွေက ပျံ့နှံ့နေလို့ပင်...

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now