Part-19

3.6K 327 77
                                    

<Unicode>
"မေမေ သားလာတယ်"

ကျူးလစ်ပန်းအဖြူရောင်လေးကိုအုတ်ဂူပေါ်တင်ပေးရင်း မြက်ခင်းစိမ်းစိမ်းပေါ်တွင်ထိုင်ချလိုက်သည်။ ကိုကိုကတော့ မေမေ့အုတ်ဂူဘေးက ကိုကြည့်ပြီး အတိတ်ကိုပြန်တွေးနေဟန်ပင်။

"မေချယ်..
သားငယ်လေးက ရှေ့နေဖြစ်နေပြီးကွယ်..
နင်လည်းကောင်ကင်ဘုံမှာကင်မ်နဲ့ဆုံနေလောက်ရောပေါ့"

အုတ်ဂူကိုဖွဖွလေးပွတ်ပြီး မေမေပြီး မေမေ့ရဲ့မျက်ဝန်းရိပ်တွေကဝမ်းနည်းရိပ်သန်းနေသလို လက်တစ်စုံဟာလည်း အနည်းငယ်တုန်လှုပ်နေသယောင်။

"ငါပြောသားပဲမေချယ်ရယ်
ကင်မ်ကနင့်ကိုအရမ်းချစ်ပါတယ်ဆိုတာကို ခုတော့ယုံပြီးမှတ်လာ"

လေအေးလေးများကတစ်ဖြူးဖြူးတိုက်ခတ်နေသည်။ ဆိုလ်းမြို့၏ဆောင်းအဝင်လေက အေးမြတဲ့ မြက်သင်းနံ့တစ်ချို့ကိုသယ်ဆောင်လာသယောင်ယောင်။

"မေမေ့ကိုသားအရမ်းလွမ်းတယ်
ဖေဖေ့ကိုလည်းလွမ်းတယ်
သားအခုအရမ်းအဆင်ပြေနေတာမို့လို့ မေမေနဲ့ဖေဖေလည်းတမလွန်မှာ ပျော်ပျော်နေရမယ်နော်"

ထိန်းမရနိုင်တော့သည့်အဆုံး ပါးပြင်ပေါ်တွင်မျက်ရည်များက အိုင်ထွန်းလာသည်။
မေမေကတော့ ဟိုးအဝေးတစ်နေရာကိုကြည့်နေခဲ့တာမို့ သူငိုနေတာကိုမြင်ဟန်မပေါ်။
ပါးပြင်ပေါ်ကို tissueနဲ့လာသုတ်တော့မှ ထယ်ယောင်းအသိစိတ်ဝင်လာသည်။

"မငိုနဲ့ ကိုကို့ရဲ့ငယ်လေး"

"ကျွန်တော်နည်းနည်းဝမ်းနည်းသွားရုံလေးပါ"

"ဝမ်းမနည်းတော့အောင် ကိုကိုက ကင်ချီထမင်းကြော်လိုက်ကျွေးမယ်လေ ငယ်လေးစားချင်နေတာမလား"

မျက်ရည်များကိုသုတ်ပြီးခေါင်းတစ်ဆတ်ဆတ်ညိတ်လိုက်တော့ ကိုကိုကသူ့ခေါင်းကိုဖွဖွလေးပုတ်ရင်းရယ်တယ်။

ညနေစောင်းလောက်ရောက်တော့ မေမေ့ကိုနှုတ်ဆက်ရင်းပြန်လာခဲ့ကြသည်။ အထီးကျန်နေသောအုတ်ဂူက ဖေဖေနဲ့အတူသာဆို ပျော်ကောင်းပျော်နိုင်မယ်ထင်ပါရဲ့။

"သားတို့ကဘယ်ဆိုင်မှာသွားစားမှာတုန်း"

ကားနောက်ခန်းတွင်ထိုင်နေသောမေမေကလှမ်းမေးတော့ ကိုကိုကတွေးနေဟန်ပင်။

Loading..Where stories live. Discover now