အခန်း-(၇၃) သူမ သင်ပေးခဲ့တာက ဘာလဲ?

138 27 0
                                        

Zawgyi


ဆွဲဖြုတ်ခံလိုက်ရတဲ့ လက်မောင်းကိုဗြုန်းစားပြန်ရနိုင်မဲ့ နည်းရှိရင် ခုလိုအချိန်ကြာကြာပြန်ကောင်း‌လာနေတာကို စောင့်စရာမလိုဘူးလို့ ကျွန်မထင်တယ်။ကံမကောင်းတာက ဒီလိုအမှောင်ထုထဲမှာ ကိုယ်လက်အစိတ်အပိုင်းတွေ အပြည့်အစုံရှိနေမှရမှာကို ကျွန်မ ခန္ဓာကိုယ်ရဲ့ပြန်ကောင်းလာနိုင်စွမ်းက နှေးလွန်းနေပါတယ်။ပြောရရင် အနည်းဆုံး ဆယ်မိနစ်တောင်ကြာဦးမှာပါ။

"လီရှန်း...မင်းဘာဖြစ်သွားခဲ့တာလဲဆိုတာ ငါ့ကိုသေချာပြော"

အမှောင်ထဲကနေ နျွယ့်ကျွမ်းရဲ့အသံက ထပ်ပေါ်လာပါတယ်။

ကျွန်မမှာတော့ လက်က နာကျင်နေတဲ့ ဒဏ်ရာကို ဖိထားရင်းကနေပဲ အသက်ဝဝ ရှူသွင်းနေရတယ်။တားမြစ်ဇုန်မှာနေတာကြာလို့ ဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်မှုတွေပေါ်  ကျွန်မရဲ့ သည်းခံနိုင်စွမ်းက တိုးလာပေမဲ့ ပြန်ကောင်းလာတဲ့ချိန်ကတော့ ကြာနေတုန်းပါ။

ကျွန်မ အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားပြီး လေ‌သံတိုးတိုးနဲ့ ပြန်ပြောလိုက်တယ်။

"နျွယ့်ကျွမ်း...ရှင်သတိထားနေဦး ဒီမှာ ကျွန်မတို့ပဲရှိနေတာ မဟုတ်ဘူး"

"မင်းတစ်နေရာရာ ထိခိုက်သွားတာလား အခုဘယ်မှာလဲ ‌ငါသွေးနံ့ရနေတယ်"

သူစိုးရိမ်နေတဲ့လေသံနဲ့အတူ သူ့လှုပ်ရှားမှုတွေကြည့်ရတာ ကျွန်မကို လိုက်ရှာနေမှန်းသိသာပါတယ်။ဒါပေမဲ့ ဘာလို့မှန်းမသိ ကျွန်မသူရှိတဲ့နေရာအတိအကျကို လုံးဝ အာရုံခံလို့တောင်မရပါဘူး။ဒီနေရာကြည့်ရတာလည်း ကျွန်မတို့ အာရုံငါးပါးလုံးပိတ်ချထားပုံရတယ်။

"ထိခိုက်သွားပေမဲ့ ကျွန်မအဆင်ပြေပါတယ် ပြီးတော့ ရှင်လည်း ခံစားလို့ရတယ်မလား ဒီနေရာကြည့်ရတာ လူတွေရဲ့ အာရုံခံနိုင်စွမ်းကို ဆုံးရှုံးစေနိုင်တယ်ဆိုတာ"

"ဟ...ဟား"

တဟားဟားရယ်သံနဲ့အတူ ကျောက်အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တာကြောင့် မောဟိုက်နေတဲ့ ကျွန်မ အသက်ရှူသံတောင် ပြန်ကြားနေရတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now