"ဘယ်ကိုသွားမှာ"
"ဒူဘိုင်း"
စပိန်ကနေဒူဘိုင်းထပ်ကူးရဦးမည်
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီး အတွင်းမှ ပြည်နယ်တစ်ခု၏ မြို့တော်ပါရှန်းပင်လယ်ကွေ့၏တောင်ဘက် အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု ထဲတွင် လူဦးရေအများဆုံးနေထိုင်သော မြို့တစ်မြို့
ငွေရေးကြေးရေးကတော့သိတဲ့အတိုင်းအချမ်းသာဆုံးနိုင်ငံဖြစ်ပြီးဇိမ်ခံပစ္စည်းတွေကိုသာမန်လူတန်းစားကစလို့သုံးနိုင်တဲ့အထိဒူဘိုင်းကနာမည်ကြီးသည်
"ဘာလုပ်မလို့လဲDaddy"
ကုတင်ပေါ်ပိုးသားညအိပ်ဝတ်စုံနဲ့ဂိမ်းပြိုင်နှိပ်နေသောကလေးနှစ်ယောက်ထဲကLeeYangကဆိုသည်
"ဒူဘိုင်းအိမ်ရှေ့စံနဲ့ငွေရေးကြေးရေးလေးဆွေးနွေးမလို့"
"ဝိုး ဒူဘိုင်းဆိုFerrari ပြိုင်ကား ... Daddy ဝယ်ပေးနော်သမီးဖို့"
"သမီးလေးဖို့ဆို ဝယ်ပေးမှာပေါ့"
"သားကိုရော"
သားအဖသုံးယောက်ရောက်တော့စကားအတိုင်ဖောက်လမ်းတည့်နေသည်Felixသည်ဟိုတယ်အခန်းဗီဒိုထဲကအဝတ်အစားတွေအိတ်ထဲပြန်ထည့်နေပေမဲ့ကြားရတဲ့စကားတွေကမဟုတ်တော့Hyunjinသည်ကလေးတွေကိုအတိုင်းထပ်အလွန်အလိုလိုက်နေတာပဲဖြစ်သည်
ဒီခရီးစဉ်အပြန်မှာကလေးတွေကိုဩစီမှာကျောင်းတက်ဖို့ထားခဲ့ပြီးသူတို့ဂျပန်ကိုပြန်ရမှာဖြစ်သည်
အဲ့တာကြောင့်လဲအလိုလိုက်နေတာပါပေမဲ့အခုဟာကတအားကြီး ကလေးတွေဖြင့်အသက်မပြည့်သေးပါ Ferrari ဝယ်ပေးဖို့လုပ်နေသည်"ဝယ်ပေးမယ် ဘာလိုချင်တာရှိလဲ၊ ငါ့သားနဲ့သမီးကျောင်းတက်ဖို့ဆို private jetဝောာင်ဝယ်ပေးဦးမှာ"
"Hwang Hyunjin !!!
Hwang LeeYang နဲ့Hwang LeeMayသွား အခန်းပြန်တော့""ဘေ..ဘေဘီ"
"ဟုတ် သွားပြီနော် ကြောက်တယ်"
ဖုန်းတစ်လုံးစီကိုင်၍ကုတင်ပေါ်ကပြေးဆင်းကာမောင်နှမနှစ်ယောက်မတ်တပ်ပင်ထရပ်နေသောသူတို့အဖေFelixကိုသွားအကုန်ဖြီးပြကာသူ့အခန်းသူပြန်သွားကျသည်
