အခန်း-(၇၄) မကောင်းဆိုးဝါးတိုက်ပွဲ

157 27 0
                                        

Zawgyi


"‌အမယ်လေး...!"

ကျွန်မတို့တွေ အရှေ့ဘက်ခရိုင်သွားဖို့ရာအတွက် နယ်စပ်တောထဲဖြတ်လျှောက်နေချိန် အထိတ်တလန့် အော်ဟစ်သံက ယုံချီဆီကနေထွက်လာပါတယ်။

ယုံချီက အမြဲလိုလို သတ္တိရှိတဲ့သူဖြစ်တဲ့အပြင် သူမ‌ကို ကြောက်အောင်ခြောက်နိုင်တဲ့အရာကလည်း ဘယ်ဟာမှမရှိပါဘူး။ဒါပေမဲ့ သူမခုလိုအော်ဟစ်လာတော့ ကျွန်မခေါင်းမော့ပြီး သူမကြည့်တဲ့ဘက် လှည့်ကြည့်မိတယ်။

မြင်လိုက်ရတဲ့ အရာကြောင့် ကျွန်မပါ အံ့ဩပြီး လန့်ဖျတ်သွားခဲ့တယ်။

ပြောရရင် ရှေ့နားကသစ်ပင်‌အောက်မှာ ဘာမှန်းမသိတဲ့ သတ္တဝါတစ်ကောင်က လှည့်ပတ်‌သွားနေတာပါ။ရုတ်တရက်ကြည့်ရင် ရေသူမလိုလိုနဲ့ သေချာကြည့်တော့လည်း အရမ်းဆန်းကြယ်တဲ့ မြွေတစ်ကောင်နဲ့တူနေပြန်ရော။

အဲ့ဒီသတ္တဝါရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ ငါးအမြီးလိုအဆူးတွေပါပေမဲ့ ရေသူမ‌လိုမျိုး လှတပတ အမြီးတော့ မဟုတ်ပါဘူး။အထူးသဖြင့် အမြီးပိုင်းက အဆူးတွေမှာ အဖုအထစ်မျိုးစုံပြည့်နှက်နေပါတယ်။ဖျတ်ခနဲထပ်မြင်လိုက်ရတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ လူ့ခန္ဓာကိုယ်ပုံစံဖြစ်တာမို့ ‌မိန်းကလေးတစ်ယောက်လို့တော့ ကောက်ချက်ချမိတယ်။

မ‌ကောင်းဆိုးဝါးပုံစံနဲ့ အဲ့ဒီမိန်းကလေးဆီမှာ နှာခေါင်းမရှိတဲ့အပြင် သူမရဲ့ မျက်လုံးတွေကလည်း အနက်ရောင်တွင်းနက်နှစ်ပေါက်လို မည်းနက်နေပါတယ်။သူမရဲ့ နီရဲရဲ နှုတ်ခမ်းတွေ ဖွင့်ဟလာပြန်တော့ မြွေတစ်ကောင်ရဲ့လျှာလို အစိမ်းရောင်လျှာနှစ်ခွက လျှောခနဲထွက်လာပါတယ်။သူမခေါင်းက ရှုပ်ယှက်ခတ်ပြီး ညစ်ပတ်နေတဲ့အရာကြည့်ရတာတော့ သူမရဲ့ဆံပင်လား ဒါမှမဟုတ် ပင်လယ်ရေမှော်တွေလားဆိုတာကို ကျွန်မသေချာမပြောနိုင်ပါဘူး။

"ဒ...ဒါ...ဒါကြီးက ဘာကြီးလဲ"

ကြောက်စရာကောင်းလွန်းလို့ မေးချင်းရိုက်နေတဲ့အသံနဲ့ ကျွန်မမေးမိတယ်။အရိုးသားဆုံးဝန်ခံရရင် တားမြစ်ဇုန်မှာရောက်ပြီးတာ တစ်လကြာပြီဆိုပေမဲ့ အဲ့လိုထူးဆန်းထိတ်လန့်စရာတွေနဲ့ ကျွန်မ အသားမကျသေးပါဘူး။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя