Part - 13
စခန်းမှာနေရတာ ပိတုန်းအတွက် အတော်လေး စိတ်ကျဥ်းကြပ်လှသည်။ မယုံသင်္ကာဖြင့် မျက်စိဒေါက်ထောက်ကြည့်ခံရသလို အနေအစားလဲ ဆင်းရဲလှသည်။ စခန်းတွင် အောက်ခြေသိမ်းအလုပ်တွေအကုန် ပိတုန်းလိုက်လုပ်ပေးသလို လျှော်ဖွတ် ချက်ပြုတ်အကုန်လုပ်ပေးသည်။
အထူးသဖြင့် ပိတုန်းသတိထားရသည်က စိန်ကြည်ခင်။ စိန်ကြည်ခင်၏ အဖေသခင်မြသေသည့်ကိစ္စကြောင့် ပိတုန်းကို အမုန်းကြီးမုန်းနေ၏။
" ညီမလေး. ....ဒီမှာ ကိုကြီး တောထဲကနေ ယုန်ဖမ်းလာတာ။ ညီမလေးကင်ပြီး ချက်စားသိလား။ ဘယ်သူမှမသိစေနဲ့။ "
အနားရောက်လာကာ တိုးတိုးတိုးတိုးဖြင့် သူဖမ်းလာမိသည့် ယုန်အသေအား ပိတုန်းဆီတိတ်တိတ်လေး လာပေးသည့် ကိုကိုကြီး။ ပိတုန်း ဘေးဘီကြည့်လိုက်ရင်းမှ....
" ဖြစ်ပါ့မလား.... သိသွားရင် မကောင်းဘူးနော်။ "
ကိုကိုကြီး စခန်း၏ မီးဖိုချောင်ထဲတွင် တစ်ယောက်ထဲ ချက်ပြုတ်နေရသည့် ညီမဖြစ်သူအား အတင်းချက်စားခိုင်း၏။ ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ပေမယ့် အရိပ်အကဲကြည့်နေရသည့်ဘဝမို့ စိတ်ရောလူပါ ပင်ပန်းရှာသည်။ ကောင်းကောင်းကန်းကန်းလဲ မစားရတာမို့ ရောက်ခါစကနဲ့မတူပဲ ကိုယ်လေးက ပိန်ကျသွား၍ ပါးလေးတွေဆို ချောင်နေသည်။
" ဒီထမင်းအိုးပေး......ကိုကြီး ချက်ထားလိုက်မယ်။ "
ညီမဖြစ်သူဆီမှ ထမင်းအိုးကို ဆွဲယူပြီး ထမင်းရည်ငှဲ့ကူသလို ပိတုန်းကလဲ ယုန်သေလေးကို ယူကာ ချက်ပြုတ်ရန် ပြင်ဆင်၏။ ကိုကိုကြီး ညီမဖြစ်သူကို ငေးကြည့်ရင်း ရင်ထဲမကောင်းတာမို့ မျက်နှာလွှဲမိ၏။ ကိုယ်ဝန်ကြီးနဲ့ကို အာဟာရ ပြည့်မှာလဲ မဟုတ်။
" ညီမလေး..... ဟာ ကိုကြီး။ "
မီးဖိုချောင်ထဲ ခပ်ကုတ်ကုတ်ဝင်လာသည့် ကိုလတ်က သူ့ကိုမြင်တော့ လန့်သွားရာမှ ဟူးခနဲသက်ပြင်းချ၏။
" ကိုလတ်......ဘာလဲဟင်။ ပိတုန်း ဘာလုပ်ပေးရမလဲ ။ "
" အာ....မဟုတ်ဘူး....ဒီမှာ မြို့ကခုမှပြန်ရောက်တုန်း ငါ့ညီမ ဖို့ ကိုယ်ဝန်ဆောင်အားဆေးဖော်လာတယ်။ "
ESTÁS LEYENDO
ကမ္ဘာအသင်္ချေ ( Complete)
Romanceကိုလိုနီခေတ် ဗြိတိသျှအင်ပါယာအားကောင်းသည့်အချိန် အရေးပိုင်မင်းကြီး၏ သမီးလေးနှင့် လူသူအရောက်အပေါက် နည်းသည့်လူရိုင်းကျွန်းသခင်တို့ ၏ Romance ပါ။
