Chapter : 122

8.2K 901 191
                                    

Unicode

အမတ်ကြီး၏အကြံအစည်ကို ဖော်ထုတ်ခြင်း

__________________

ထ်ိုညက လပြည့်ညဖြစ်သည်။

ပီယံမိတ်သည် နောက်ဆုံးသောအလုပ်တာဝန်ပြီး၍ မိမိ​၏ယာယီတဲနန်းဆောင်ရှိရာဆီ ပြန်လာသောလမ်းတွင် လရောင်အောက်မှ အပြာရင့်ရောင်တလွင့်လွင့်ကို ဖျတ်ခနဲ တွေ့မြင်လိုက်ရသည်။

ပီယံ နောက်ခြေတစ်လှမ်းပြန်ဆုတ်ကာ အသေချာကြည့်လေသော် လရောင်တိုက်ရိုက်ခသော နေရာတည့်တည့်တည့်တွင် ရေဝတီတစ်ယောက် လက်နှစ်ဖက်ကို ဘေးဆန့်တန်း၍လည်းကောင်း၊  ခေါင်းကိုမော်ကာ မျက်လုံးမှိတ်၍လည်းကောင်း ဆန့်ဆန့်ကြီးရပ်နေသည်ကို တွေ့မြင်ရသည်။

ရေဝတီသည် အဖြူရောင်အဝတ်တို့ကို ဝတ်ဆင်ထားလျက် သူမ​၏ကြော့ရှင်းသော လည်တိုင်တွင်မူ အပြာရင့်ရောင် ပဝါကို နောက်ပြန်ပတ်ထားသည်။ ညလေညင်းက ဆော်သွေးသောကြောင့် သူမ​၏ပဝါမှာ အနည်းငယ် တလူးတလူးတလွင့်လွင့်ဖြစ်နေသည်။ တမူထူးခြားသည်က ရေဝတီသည် ခါတိုင်းလို ဆံပင်ကို ကျစ်ဆံမြီးမကျစ်ထားဘဲ ဖားလျားချ၍ထားသည်။ ထို့ကြောင့် အပြာရောင်ကြိုးများနှင့် ရောယှက်နေသောသူမ​၏ဆံပင်များမှာလည်း လေပြည်ကြောင့် လှုပ်ရှားယိမ်းယိုင်လျက်ရှိသည်။

ပီယံသည် သူမ မည်သည့်အရာများပြုလုပ်နေသည်ကို သိချင်မိသည့်အတွက် သူမအနားသို့ လမ်းလျှောက်သွားသည်။

ပီယံ့​၏ခြေလှမ်းမှာ ညင်သာသည့်တိုင် ရေဝတီသည် အသိစိတ်အာရုံအားကောင်းလှသော နဂါးဖြစ်ရလေကာ အလိုလိုမျက်လုံးပွင့်လာပြီး  ပီယံ့ဘက်ကို လှည့်ကြည့်လာသည်။

" အိုး...မင်းသားပီယံမိတ်ပါလား"

သူမ ပြုံး၍ ပေါ့ပါးစွာနှုတ်ဆက်သည်။

" ဒီမှာတစ်ယောက်တည်းရပ်ပြီး ဘာလုပ်နေတာလဲ"

ရေဝတီက သူမ​၏ လူးလွင့်နေသောဆံပင်အချို့ကို နားတစ်ဖက်​၏နောက်သို့ ထိုးသွင်းသပ်တင်လိုက်သည်။ ရေဝတီ့ကို ဆံပင်ဖားလျားနှင့် တစ်ခါမှ မမြင်ဖူးတာကြောင့် သူမ​၏ ယခုပုံစံမှာ ပီယံ့အတွက် အထူးအဆန်းဖြစ်နေသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now