16

11.4K 672 70
                                    

Unicode





တင်းတင်းကြပ်ကြပ်ဖက်ခံထားရသည့်အပြင် နှုတ်ခမ်းတွေကိုပါ ဝါးမြိုခြင်း ခံနေရသည် ။ ရုန်းချင်ကန်ချင်ပေမဲ့ အတင်းဖိချုပ်ခံထားရတာမို့ မြူဒေါင်းက ယုန်သူငယ်လေးနဲ့ပင် တူနေပြီ ။ နမ်းတာကြာလာတော့ မြူဒေါင်းအသက်ရှူပင် မဝချင်တော့ပေ ။ ဒါကိုသိတယ်ထင်၏ ကိုကိုက လွှတ်ပေးလာသည် ။

ရေထဲကငါးလေး ကုန်းပေါ်တင်ခံထားရသလိုဘဲ မြူဒေါင်းပုံစံက အသက်ကိုအလုအယက် ရှူရှိုက်နေရသည် ။ ရင်ဘတ်ထဲရှိ နှလုံးခုန်သံတွေကလည်း အပြင်ကိုပေါက်ထွက်လာတော့မလိုပင် ။ နားတွေပါးတွေနီကာ ရဲလို့ မြူဒေါင်းပုံက အခုပင်အမဲဖြတ်ချင်စရာကောင်းနေ၏ ။

"ကို....ကိုကို ဘာလို့ သားကိုနမ်းတာလဲ''

"မင်းပါးစပ်က စိတ်ရှုပ်စရာစကားတွေ ထွက်လာမှာစိုးလို့ကွာ ၊ နောက်ငါ့ကို အာမခံနဲ့ ဒါထက်ဆိုးမယ်!''

အပြစ်ပေးနည်း အသစ်တဲ့လား ကိုကို ဒီလိုသာဆို ကျွန်တော်တော့ အပြစ်တွေအများကြီး ကျူးလွန်မိတော့မယ် ထင်တယ် ။ ကိုကိုကလည်းဆိုးသည် ကျွန်တော်ကလည်း ချစ်သည်လေ ။

"တောက်စ်!''

စိုင်း အားမလိုအားမရ ဖြစ်ကာတက်ခေါက်မိသည် ။ ဒီစိတ်ရှုပ်စရာနှုတ်ခမ်းတွေက ဘာလို့ချိုနေရတာလည်း ။ သူကရော ယောကျာ်းချင်းဘာလို့ နမ်းနေရတာလည်း ။ ဒီစောက်ငတုံးကိုမြင်ရင် ဆွဲရမ်းပစ်ချင်တဲ့ စိတ်ကထိန်းလို့မရ ၊ ချုပ်လို့မရနဲ့ အတော်ပင်ဆိုးသည် ။

"နောက်ခါ ငါ့ရှေ့မှာ သူနဲ့မပတ်သတ်မိစေနဲ့ ဒီတစ်ခါမင်းကိုငါ ကိုင်ဆောင့်ပစ်မယ်! ကြားလား!''

"ဟုတ်.....ဟုတ်ကဲ့ပါ ကိုကို''

"ဆောင့်မယ်ဆိုတာ ဘယ်လိုမျိုးလဲ''

နောက်က အထုပ်အပြည့်နဲ့ရောက်လာတဲ့ မီက ပြုံးစိစိနဲ့ စိုင်းကိုကြည့်နေသည် ။ ငါသိတယ်နော်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတော့ စိုင်းက ကျုံ့နေကျမျက်မှောင်က Auto ကျုံ့နေပြန်သည် ။

"ခေးမီမီသွင် နင့်ကိုလဲငါပြောထားမယ်နော် သူ့ကိုထပ်ပြီး မပတ်သတ်နဲ့ ငါ့အကြောင်းနင်သိတယ်မလား!''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now