{29}

7.4K 1K 46
                                    

Unicode

{ကောင်းပြီး ဒီတစ်ခါထားလိုက်တော့။မင်းတို့နှစ်ယောက်လုံးသင်ခန်းစာယူကြ။နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်လာရင် ငါ စကားကောင်းကောင်းမပြောနေတော့ဘူး}

{ကျွန်တော်သိပါပြီ}

{အင်း}

ချူချန်ပြန်ဖြေပြီးဖုန်းချလိုက်သည်။

ကျိချန်ဖုန်းသည် ဖုန်းကိုင်ထားရင်း သက်ပြင်းချမိ၏။သူအကြောက်ဆုံးက သူ့အနုပညာရှင်က ကုမ္ပဏီရဲ့ထိပ်တန်းအုပ်ချုပ်သူတွေနဲ့ပတ်သက်နေမှာကိုပဲ။ဒါပေမယ့် သူက ကျိချင်းကျိုးအနားမှာနေပြီးသူလျှို့အဖြစ်နဲ့စောင်ကြပ်ပေးရမယ်လို့မထင်ထားခဲ့မိဘူး။ကျိချင်းကျိုးနဲ့ချူချန်တို့တွဲနေကြောင်းသာသူအစောကြီးတည်းကသိရင် စာချုပ်မချုပ်ဖြစ်လောက်ဘူး။ဘယ်သူဖြစ်ဖြစ် သူဌေးက နေ့တိုင်းစောင့်ကြည့်နေရင် ကိုင်တွယ်နိုင်ပါ့မလား!

ချန်ကျိယွမ်က တစ်ပတ်အနားယူပြီးမှရိုက်ကွင်းကိုပြန်ရောက်လာသည်။သူ့မျက်နှာပေါ်ကအနာတွေမှာအပြည့်အဝမသက်သာသေးဘဲခပ်မှိန်မှိန်အမာရွတ်တွေဖြစ်နေကြသည်။ပေါင်ဒါအုပ်လိုက်ရင်တော့ မသိသာတော့ပေ။ချန်ကျိယွမ်ဟာသူ့ကိုယ်သူ မှန်ထဲက ပြန်ကြည့်ရုံနဲ့ ထိုနေ့ကအကြောင်းကိုအမြဲတွေးနေမိသည်။လူကြားထဲမှာ ချူချန်သူ့ကိုရိုက်နှိက်ခဲ့တာကိုပြန်တွေးမိတယ်။ချူချန်သူ့ကိုအရှက်ခွဲပြီးလူရှေ့မှာ‌တောင်းပန်ခိုင်းခဲ့တာရောပြန်ပြန်တွေးမိနေသည်။ သူ့နောက်ကွယ်မှာတစ်ခြားသူတွေက သူ့အကြောင်းအတင်းအဖျင်းပြောပြီး သူကိုအရူးလိုမျိုးကြည့်ရယ်နေကြမယ်လိုထင်နေမိသည်။
 
မိတ်ကပ်ဆရာတောင် အောက်ခံမိတ်ကပ်တွေလိမ်းပြီး သူ့ကိုကူညီရကာ သူအနာပေါ် မိတ်ကပ်တွေပိုအုပ်ပေးလာသည်။ချန်ကျိယွမ်ကတော့ မိတ်ကပ်ဆရာက သူ့ကိုယ်သူပြန်အရှက်ရစေဖို့ ဒီနည်းလမ်းတွေတမင်တကာသုံးနေတာလို့ခံစားမိလာသည်။သူက မိတ်ကပ်ဆရာကိုအားနဲ့ကန်ထုတ်လိုက်ပြီး တစ်ခြားမိတ်ကပ်ဆရာတစ်ယောက်အော်တောင်းလိုက်သည်။

မိတ်ကပ်အဖွဲ့ခေါင်းဆောင် ကျန်းအိုက်က ဗုဒ္ဓကိုဆန့်ကျင့်ဖို့ဘာမျှမရှိသဖြင့် သူမလက်အောက်က မိတ်ကပ်ဆရာတွေကလည်း သူ့ကိုမလိမ်းပေးရဲကြပေ။သူတို့ကိုမခွဲပေးဖို့  ကျန်းအိုက်ကိုတစ်ယောက်ပြီးတစ်ယောက်လာတောင်းပန်ကြသည်။နောက်ဆုံးတော့ ကျန်းအိုက်တစ်ယောက် ကျောင်းရှင်းကိုသတိရသွားတယ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now