After Falling In Love-13(Unicode)

49.3K 4.4K 328
                                    

သွေးအေးစစ်ပွဲဟု တင်စားရမည့် စစ်ပွဲအသေးစားတစ်ခုဟာ လင်းထက်တို့အိမ်အတွင်း တိုးတိတ်စွာဖြစ်ပွားနေသည်။ မျက်နှာချင်းဆိုင်ရယ်လို့ တည့်တိုး ထပ်မရှင်းဖြစ်ကြသေးပေမဲ့ အသွားအလာမပြတ်ရှိနေသည့် လင်းထက်တို့၏ဆက်ဆံရေးနှင့်အတူ သွယ်ဝိုက်သော စကားပွဲများဖြင့် မေမေနဲ့ကိုကိုကလည်း တကြိတ်ကြိတ်။ ​ကိုကိုပြောပြသည့် တစ်စွန်းတစ်စသတင်းအရ လင်းထက်ကို ကိုကိုနဲ့ထည့်ပေးဖို့ မေမေကတွေးနေသည်တဲ့။ သိသိချင်းတော့ ရင်ထဲဒိန်းခနဲထိတ်လန့်ခဲ့ရပေမဲ့ ကိုကိုက သူလုံးဝမခေါ်ဘူးဟု ကတိပေးထားသောကြောင့်သာ စိတ်သက်သာရာ ရ,ရသည်။

ပို၍စိုးရိမ်ကြောက်ရွံ့ခဲ့ရသော ဖေဖေကတော့ ဤနေရာတွင် မေမေ့သဘောဟု ပိုမိုအလေးပေးထားဟန်။ ဖခင်တိုင်းအတွက် ဇနီး၏ဆန္ဒနှင့်သားသမီး၏ဆန္ဒတို့မှာ ထပ်တူနီးပါးအရေးပါသည်မို့ ဖေဖေဟာ ပွဲကြည့်ပရိတ်သတ်လုပ်ဖို့ ပို၍ အားသန်နေဟန်လည်းရှိပါသည်။

မေမေမရှိခင်တစ်ရက်မှာတော့ ဖေဖေက ဆိုလာခဲသည်။

"အမှန်တိုင်းဆိုရင် သိသိချင်းမှာတော့ ဖေဖေ သဘောမတူနိုင်ဘူးလို့ တွေးခဲ့တာအမှန်ပဲ၊ ဒါပေမဲ့ ဖေ့သားရဲ့ဆန္ဒက သိပ်ပြီးပြင်းပျနေတော့လည်း ယောက်ျားလေးပဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ်ကောင်းကိုယ်စံ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး လွှတ်ပေးလိုက်ချင်တာပဲ"တဲ့။

မေမေကတော့ အမျိုးသမီးပီပီ အစစအရာရာအသေးစိတ်တွေးပူတတ်သူဖြစ်လေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးဟုသော စကားကိုသာ ယခုတိုင် ဆုပ်ကိုင်ထားဆဲ။ သူကိုယ်တိုင် နဖူးတွေ ဒူးတွေ့ကြုံခဲ့ရသော အိမ်ထောင်ရေးတစ်ခု၏ လိုအပ်ချက်များဖြင့်နှိုင်းယှဥ်၍ အမျိုးမျိုးတွေးပူရှာသူဖြစ်သည်။

အိမ်မှုကိစ္စများအတွက် ရေရှည်မှာ ငြီးငွေ့လာနိုင်သလို၊ ယောက်ျားလေးနှစ်ယောက် မျိုးဆက်မရနိုင်သည့်ကိစ္စနှင့်လည်း စိတ်ပျက်လာနိုင်သည်တဲ့။ မမကတော့ ကလေးယူဖို့က ယခုခေတ်မှာလွယ်နေပြီဖြစ်ကြောင်း၊ အငှားကိုယ်ဝန်ဆောင်တာ၊ ဖန်ပြွန်သန္ဓေထည့်တာတို့အပြင် နောက်ဆုံး ယောက်ျားလေးတောင် ကိုယ်ဝန်ဆောင်လို့ရနိုင်သည့်အကြောင်းပြောတော့ မေမေက ရင်ထုငိုမတက်ပါပဲ။ ပတ်ဝန်းကျင်မှာ သူ့သားအရှက်ရမယ်ဆိုပြီး သောကဗျာပါဒလောက်မြိုက်တော့တာ။ မမကတော့ မန္တလေးမပြန်ခင်အထိ တဖွဖွနားချပေးခဲ့ရှာပါသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now