" နိုင် မောင်ပြောပြမယ် နိုင် "
" ဘာမှလာရှင်းမပြနဲ့ မင်း မင်းငါ့အပေါ်အရင်လိုမဟုတ်ဘူး သွား...ဘာမှလာမပြောနဲ့ "
" မဟုတ်သေးဘူးလေ နိုင်
မောင်က နိုင်မှာတာလေး မေ့သွားတာမဟုတ်ပါဘူး မောင်သတိရပါတယ် မောင်သွားဝယ်တော့
ပစ္စည်းပျက်နေလို့တဲ့
မောင်လဲနောက်ကျနေတာနဲ့အိမ်ပဲပြန်လာလိုက်တာပါ
မောင်မနက်ဖန်ရစေရမယ်ကွာ နော် "
သူမှာတဲ့ ပန်းဝယ်မရလို့ ကိုယ့်ကိုစိတ်ကောက်နေတဲ့အချစ်.....
" ဟင့်အင်း ငါ့ဘာသာသွားဝယ်တော့မယ်
မင်းဘာမင်း မင်းအလုပ်ပဲလုပ်နေ "
" ဟော မောင့်ကိုစိတ်မကောက်ပါနဲ့ကွာ...
မောင့်ရဲ့နိုင်ရယ် မောင်တောင်းပန်တယ်နော်
ဒါဆို မနက်ဖန် မောင်တို့မိသားစု shopping သွားမလား မောင်လိုက်ပို့မယ်လေ "
" မင်း တကယ်ပြောတာလား "
" ဟင့်အင်း နောက်တာ "
" တွေ့လား မင်း! "
" မောင်က ချစ်လို့စတာပါဗျာ မောင်တို့သွားမယ်နော် ရွှေစိတ်တော်မညှိုးနဲ့တော့ဗျာ "
" ပီးတာပဲ "
" မောင် ဒါဆို အလုပ်လုပ်ဖို့..."
" သွားပါ မဟုတ်ရင် ဒီက Aprilနိုင်က လူဆိုးကြီးဖြစ်အုံးမယ် "
အလုပ်ခန်းဘက်ထွက်သွားတဲ့မောင်...
" ဟင်း တစ်နေ့လာလဲအလုပ် နောက်တစ်နေ့လာလဲအလုပ် မိသားစုကိုအရင်လိုအချိန်လေးအပြည့်အဝပေးပါအုံးလား
သားသားရယ် မင်းဒယ်ဒီ အရမ်းအလုပ်များနေတာပဲ
သားပဲကောင်းတယ် အပူပင်မရှိသေး...
ကုတင်ပေါ်က ငုပ်တုတ်လေးထိုင် ဆော့နေတဲ့သားပဲ အားကျမိတယ် "
" အချိန်လေးနည်းနည်းရမလားစိတ်ကောက်ကြည့်တာ မနက်ဖန်အချိန်ပေးမယ်လို့တော့ပြောတာပဲ ဒါပင်မဲ့အရင်တစ်ခေါက်ကလို အပြင်ကနေအလုပ်ကိုကပြာကယာပြေးသွားတာမျိုးတော့မလိုချင်ဘူး "
ငါတို့ရဲ့ anni day ကော မင်းမှတ်မိရဲ့လား....
ခုလဲ ညသာနက်လာတယ် သူဝင်မလာသေး...
သားသားလဲ တလှုပ်လှုပ်နဲ့အိပ်မပျော်သေး...
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈
