34

15.6K 2.4K 35
                                    

Unicode

လော့လင်းရှန်းက သူ့မျက်လုံးများအား မှေးကြည့်လိုက်ပြီး မျက််မှန်အောက်မှာ ပုံးကွယ်ထားသည့် သူ့မျက်လုံးလေးတွေမှာ ကြည်နူးပီတိဖြာပြီး တစ်လက်လက်ဖြစ်နေသည်။

"......သဝန်တိုတယ်?"

ဒီရိုးရိုးရှင်းရှင်းစကားလေးတွေဟာ  သူ့ပါးစပ်ကနေ အဆုံးမရှိ၊ ယုယကြင်နာသည့် အငွေ့အသက်လေးများဖြင့် ထပ်ထွက်လာသည်။

ရှီယွင်နန် တစ်ယောက် ထိုအသံလေးကြောင့် သူ နားရွက်များပင် နီရဲသွားကာ သူတည့်တည့်ပြန်မတ် တော့မယ့်အချိန်မှာပဲ လော့လင်းရှန်းက သူ့လက် လေးကို ပြန်ဆွဲလာသည်။

"မလောနဲ့လေ၊ စကားကို ရှင်းရှင်းပြောမှပေါ့။"

ရှီယွင်နန် သတိမမူလိုက်မိတော့ သူ့ကိုယ်လေးက လော့လင်းရှန်း ရင်ခွင်ထဲ ဝင်သွားပြီး  ဘယ်ဘက်လက်လေးမှာ တစ်ဖက်လူရဲ့ ခြေထောက်ပေါ်သို့ ထောက်မိသွားတော့သည်။

သူက သူ့ကိုယ်လေးကို မနည်းရုံးကန်ပြီး ထကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "လော့လင်းရှန်း ခင်ဗျားခြေထောက်တွေကို ဂရုစိုက်!"

"ရပါတယ်။" လော့လင်းရှန်းရဲ့ လက်ကောင်ဝတ်တွင်ထည့်ထားသည်းအားမှာ သန်မာလှသည်။

သူက ရှီယွင်နန်အား လက်နှစ်ဖက်နဲ့ မသိမသာလေး ထိန်းကိုင်ထားလိုက်၏။ မနှစ်မြို့ဖွယ်ကောင်းသည့် လိမ္မော်ရနံ့က သူ့နှာခေါင်းထဲမှာ စွဲကပ်မနေတော့ပေ။ အဲ့အစား သန့်ရှင်းအေးမြသည့် ဆပ်ပြာရနံ့လေးကသာ လူကို နီးကပ်လာစေရန် ဆွဲဆောင်နေလေသည်။

နှစ်ယောက်ကြားတွင် မမြင်ရတဲ့ ဝိုးတိုးဝါးတား အငွေ့အသက်လေးတွေက ပျံ့နှံ့သွားတော့သည်။

လော့လင်းရှန်းတစ်ယောက် သူ့ရှေ့က ရွှန်းလဲ့ကြည်လင်သည့် မျက်နှာလေးကိုကြည့်လိုက်တော့ ဒေါသထွက်တာလေးကနေ တဖြည်းဖြည်းရှက်သွေးဖြာသွားသည့်ပုံစံလေးမှာ အရမ်းချစ်စရာကောင်းလှသည်။

"တကယ်သဝန်တိုတာလား?"

"မရဘူးလား?"  ရှီယွင်နန် ပြန်မေးလိုက်သည်။

"အရင်တစ်ခေါက် ကျွန်တော် နိုက်ကလပ်မှာရန်ဖြစ်တုန်းကတော့ မစ္စတာလော့က ကျွန်တော့်ကို ထဲထဲဝင်ဝင် ဆုံးမခဲ့တာလေ။ ဒါပေမယ့် ဒီနေ့ကြ ခင်ဗျား မဆင်မခြင်လုပ်တဲ့ အလှည့်ပေါ့?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now