အခန်း(၄၂၆)

1.4K 123 14
                                        

အခန်း(၄၂၆)

ရှုပ်ထွေးသော အခြေအနေ။








Han Yunxi မှာ နောက်တစ်နေ့မနက် အစောတွင် မယ်တော်ကြီးလီထံမှ ဆင့်ခေါ်မှုအား လက်ခံရလေသည်။ ထိုအမျိုးသမီးကြီးမှာ ဤသို့ အချိန်မျိုးတွင် သူမအား ဆင့်ရခြင်း၏ ရည်ရွယ်ချက်အား ကောင်းစွာ ခန့်မှန်းနိုင်သည်။ အကယ်၍ အခြားနေ့များဆိုလျှင် သူမက သေချာပေါက် ငြင်းဆန်လိုက်မည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ကွာခြားနေသည်။ သူမက အိမ်ထဲက မထွက်ရတာ တစ်လလောက် ရှိနေပြီမလို့ ဘာလို့ လမ်းလျှောက်ထွက်နိုင်မယ့် အခွင့်အရေးကို  လက်လျော့ပေးရမှာလဲ။ တကယ်လို့ ငါက မယ်တော်ကြီးခေါ်တာသွားပြီး နေရာအချို့ဝင်ရင် Long Feiye မှာ ဘာပြောနိုင်မှာလဲ။

Han Yunxi မှာ အလွန်တက်ကြွနေကာ လှပသောဝတ်စုံတစ်စုံအား လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် အပြင်မထွက်ခင် Long Feiye ထံသွားလိုက်သည်။
“ဝမ်ရယ် မယ်တော်ကြီးက နန်းတော်ကို လာဖို့ ချန်ချီကို ဆင့်ခေါ်လိုက်တယ်။ ဒါကြောင့် ဒီနေ့ ဝမ်ရယ်ကို အဖော်မပြုပေးနိုင်တာ ခွင့်လွှတ်ပေးပါ။”

သို့သော် Long Feiye မှာ တုံ့ပြန်လိုက်သည်မှာ “မင်းရဲ့အရှင်ကလည်း နန်းတော်ကို သွားဖို့ စီစဥ်ထားတာမလို့ အတူသွားတာပေါ့။"

ယခုအချိန်တွင်တော့ Han Yunxi မှာ အတော်ပင် မကျေမနပ်ဖြစ်လာတော့သည်။ သူက ဒါကို တမင်လုပ်နေတာ ဟုတ်တယ်မလား။ သူက နန်းတော်သွားရမှာ မုန်းနေပြီး ဧကရာဇ် Taihui က ဆင့်ခေါ်ရင်တောင် အကြိမ်ပေါင်းမနဲ နောက်ကျပြီးမှ သွားတာကို.. ဘာလို့ ဒီနေ့မှ တက်ကြွနေရတာလဲ။

“ဝမ်ရယ်က နန်းတော်ထဲမှာ ကိစ္စရှိလို့လား။” Han Yunxi မှာ တမင်မေးမြန်းလိုက်သည်။

“အင်း.. မြောက်ပိုင်းလီ တောင်ပိုင်းမြို့တော်ရဲ့ မြင်းခြံမှာ မြင်းတုတ်ကွေးဖြစ်နေတယ်။ သုံးလမ်းသွားစစ်မြေပြင်က တပ်တွေကလည်း ပြန်ဆုတ်သွားပြီလို့ သတင်းရတယ်။ ဒါကြောင့် ဒီကိစ္စတွေ ဆွေးနွေးဖို့ အရှင်မင်းမြတ်က မင်းရဲ့အရှင်ကို ဆင့်ခေါ်လိုက်တာ။"

Long Feiye ၏ လေသံမှာ တည်ငြိမ်နေသော်လည်း Han Yunxi မှာ မှင်သက်ကာ စကားမဆိုနိုင်တော့ပေ။  မြောက်ပိုင်းလီမှ စစ်ပွဲဆင်နွှဲလာမည် မဟုတ်မှန်း သူက အဘယ်ကြောင့် အလွန်သေချာနေမှန်း သူမက အဖြေမထုတ်နိုင်ခဲ့ပေ။ အခု သူမက သိရပြီ။ Long Feiye ရဲ့ သက်ရောက်မှုက မြောက်ပိုင်းလီမြင်းခြံတွေအထိ ဖြန့်ကျက်ထားနိုင်တာပေါ့။ မယုံနိုင်စရာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now