အခန်း-(၈၁) တိုက်ပွဲမှသင်ခန်းစာတစ်ခု

134 27 0
                                        

Zawgyi

အခန်း-(၈၁) တိုက်ပွဲမှင်န်းစာတစ်ခု

ဒီလိုနဲ့ ကျွန်မ နှိုးလာခဲ့တယ်။

နှိုးနှိုးချင်း မြင်လိုက်ရတာက နျွယ့်ကျွမ်းရဲ့ ဖြူသွယ်သွယ် မေးစေ့ကိုပါ။မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့ ကျွန်မကုန်းထရင်း ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်တယ်။

ကျွန်မတို့တွေ ခုထိ ကျောက်အခန်းထဲမှာပဲ ရှိနေပါသေးတယ်။

ဒီတော့ ကျွန်မ နျွယ့်ကျွမ်းလက်ကို တင်းတင်းဆုပ်ကိုင်ရင်း တိမ်ဝင်နေတဲ့အသံနဲ့ အော်ပစ်လိုက်တယ်။

"ရှင် ဘယ်တွေရောက်နေခဲ့တာလဲ ကျွန်မဖြင့် ဒီနေရာမှာ ဝိညာဉ်တစ်ကောင်တောင်မရှိဘဲ တစ်ယောက်ထဲ ပိတ်မိနေခဲ့ရတာ ရှင်သိကော သိရဲ့လား"

နျွယ့်ကျွမ်းက ကျွန်မကို အပေါ်ဘက် လက်ညှိုးထိုးမပြခင် ဟက်ဟက် ပက်ပက်ရယ်လာတယ်။

"အယ်" သူညွှန်ပြနေတဲ့ မျက်နှာကျက်ကို လှမ်းကြည့်ရင်း ကျွန်မ ဆွံ့အသွားမိတယ်။

"သေစမ်း!"

နံရံလေးခု ပိတ်မိနေတာကနေ မရုန်းထွက်နိုင်ရင်တောင် မျက်နှာကျက်တစ်ခုလုံးရှိနေတာကို ကျွန်မ မေ့နေခဲ့မိတာပဲ! ဘယ်လိုလုပ်ပြီး မစဉ်းစားနိုင်ရတာပါလိမ့်!

"ငါတို့တွေ ဒီအပေါ်ဘက်ကနေ ဝင်လာပြီးတော့...မင်းကတော့ ယန္တရားနဲ့ကွက်တိတိုးပြီး ဒီအခန်းထဲရောက်လာတာပဲ"

နျွယ့်ကျွမ်းက အေးဆေး ရှင်းပြလာတယ်။

"ဒီလို ငရဲခန်းလို နေရာကျွန်မကိုပဲ ဘာလို့ပို့ပစ်ရတာလဲလို့"

ကျွန်မ ဒေါသတကြီး ရေရွတ်မိတယ်။

"မင်းကို လေ့ကျင့်ပေးဖို့လေ"

အသံက အခန်းထောင့်နား ခေါင်းမှီရင်း ရပ်နေတဲ့ တလိုင်ဆီကနေထွက်လာတဲ့အသံပါ။

"ရှီ..ရှီ..အဲလေ...ရှင်..ရှင်.."

သူကပါ ဒီနေရာရောက်နေတာမြင်လိုက်ရတော့ ကျွန်မ တုန်လှုပ်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြစ်ကုန်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now