အခန်း-(၈၂) နတ်ဆိုးလက်

137 28 0
                                        

Zawgyi

အခန်း-(၈၂) နတ်ဆိုးက်

"မင်းတို့တွေ ငါ့ရဲ့ကျောက်ခန်းနေရာကိုဝင်ပြီးတာနဲ့ မင်းတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်အပေါ်မူတည်ပြီး အခြေခံစမ်းသပ်မှုကို ငါလုပ်ခဲ့တယ် ပြောရရင် အခြေအနေ နှစ်ခုရှိခဲ့တယ်-

ပထမက မင်းတို့နှစ်ယောက်လုံးမှောင်မည်းနေတဲ့ အခန်းထဲရှိတဲ့ချိန် ငါ့ရဲ့ အာရုံစုပ်ယူတဲ့အစွမ်းသုံးခဲ့တယ် အဲ့ချိန် လီရှန်းက အထိအတွေ့အာရုံကို သုံးပြီး ရှောင်တိမ်းတဲ့ နည်းဗျူဟာနဲ့ ခုခံခဲ့တယ်-

ပြောရရင် ရန်သူတွေဆီကနေ မင်းရဲ့ အရှိန်အဟုန်ကိုမြင့်ပြီး အချိတ်ဆက်မိမိ ထွက်ပြေးနိုင်ခဲ့တာက တော်တော် ကောင်းတဲ့ နည်းဗျူဟာပဲ"

တလိုင်က ပြုံးပြရင်း ဆက်ပြောလာတယ်။

"ဒါပေမဲ့ နျွယ့်ကျွမ်းရဲ့ တန်ပြန်တဲ့နည်းလမ်းက ပိုတောင်ကောင်းသေးတယ်...ပြောရရင် မင်းက ထိတွေ့မှုကို ရှောင်လွှဲဖို့ လုပ်တဲ့အခါ သူကတော့ လက်ခံဖို့ ကြိုးစားတယ်-

အထူးသဖြင့် နျွယ့်ကျွမ်းက တိုက်ခိုက်လာတာကို လက်ခံဖို့ရာ သူ့ကိုယ်ခန္ဓာကို စတေးပြီး အမှောင်ထဲမှာ ငါ့ရဲ့ရုပ်သေးရုပ်အားလုံးကို မရှင်းပစ်ခင် ရန်သူရဲ့ အခြေအနေကို အရင် အကဲဖြတ်တတ်တယ် အဲ့အတွက်သူ့ကို ငါလက်ဖျားခါလောက်အောင် ချီးကျူးမိတယ်"

နျွယ့်ကျွမ်းဘက်ကို လှမ်းကြည့်လိုက်တော့ တလိုင်ရဲ့ ချီးကျူးစကားတွေက သူ့အတွက် ဘာမှမထူးခြားသလို တည်ငြိမ်နေပါတယ်။

"ဒါနဲ့ နျွယ့်ကျွမ်း...ငါသိချင်တာတစ်ခုရှိသေးတာက မင်းက ငါ့ရုပ်သေးရုပ်တွေကို လက်ဗလာနဲ့ပဲ တိုက်ခိုက်ခဲ့တယ်မဟုတ်လား ဒီတော့ မင်းလက်မှာ ဘာစွမ်းအားရှိနေတာလဲ?-

ပြောရရင် ခွဲထုတ်သော့ဖွင့်တဲ့နည်းသုံးထားတဲ့ လူတိုင်းက ထူးခြားတဲ့ စွမ်းရည်တစ်မျိုးစီရှိကြတယ်‌ဆိုပေမဲ့ မင်းလို လက်ဗလာနဲ့ စွမ်းရည်ရှိနေတဲ့လူတော့ ငါတစ်ခါမှ မြင်ဖူးသေးဘူး"

မေးနေတဲ့ တလိုင်ရဲ့ အကြည့်တွေက စူးရှနေပါတယ်။

နျွယ့်ကျွမ်းက မှိန်ဖျော့ဖျော့ ပြုံးလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now