အခန်း-(၈၃) ရှင့်အပြစ်မှမဟုတ်တာ

146 29 0
                                        

Zawgyi

အခန်း-(၈၃) ရှင့်အစ်ြမှဟုတ်တာ

တလိုင်​မှာလည်း သူအရမ်းချစ်​ရတဲ့သူရှိ​ခဲ့တာလား?

"မင်းရဲ့ ခွဲထုတ်သင်္ကေတနဲ့ပတ်သက်တာပဲ ငါသိချင်တယ်...ပြောရရင် မင်းလို ဝိညာဉ်ခွဲထုတ်သူတွေက ခွဲထုတ်သော့ဖွင့်တဲ့နည်းသုံးတော့ အပြစ်ဒဏ်ခံရသေးတာလား"

နျွယ့်ကျွမ်းက မေးလာတာပါ။

"ဒါပေါ့ မင်းတို့လိုပါပဲ...စစတုန်းက ခံရတဲ့ အပြစ်ဒဏ်ကတော့ ကျောက်တုံးတွေနဲ့ထားခဲ့လိုက်ပြီ တကယ်တော့ ခွဲထုတ်သင်္ကေတတစ်ခုက စာချုပ်ပုံစံတစ်ခုလိုပါပဲ ပြောရရင် မင်းတို့ရဲ့ စိတ်ဝိညာဉ်ကို ဖမ်းယူရတဲ့အတွက် ပြန်ရတဲ့ တန်ရာတန်ကြေးလိုပေါ့-

အဲ့စာချုပ်ကပဲ ငါတို့ကို စွမ်းအားတွေပေးတယ်လေ မင်းတို့အမြင်မှာတော့ အဲ့စွမ်းအားတွေကို လက်ဆောင်တစ်ခု ဒါမှမဟုတ် ကျိန်စာတစ်ခုဆိုပြီးမြင်ကြမှာပဲ ဘယ်လိုမြင်မြင်ကြိုက်သလိုမြင်လို့ရပါတယ်"

"ဘာလို့ ရှင်တို့လို ဝိညာဉ်ခွဲထုတ်သူတွေက ကျွန်မတို့ကို ဖမ်းခေါ်လာကြတာလဲ"

ကျွန်မ ဒေါသတကြီးနဲ့ မေးလိုက်တယ်။

"တချို့ ကိစ္စတွေက ငါတို့လုပ်နိုင်တာထက် ကျော်လွန်နေတာတွေရှိတယ်...ဆိုတော့ မင်းဒီကို‌ဖမ်းခေါ်လာခံရတာငါတို့လို ဝိညာဉ်ခွဲထုတ်သူတွေက ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ ပြောရရင် လူပင်လယ်ပေါင်း‌ သောင်းခြောက်ထောင်မက ဖမ်းခေါ်လာခံရတဲ့ စိတ်ဝိညာဉ်တွေက အများကြီးကို-
*
ပြီးတော့ အသက်ရှင်တဲ့ လူတွေမှာ နှုတ်ထွက်ကြတာတွေ ဖြစ်သလို ဝိညာဉ်ခွဲထုတ်သူတွေလည်း အဲ့လိုထူးမခြားနားပါပဲ"

သူက သူ့ကိုယ်သူ နှိမ့်ချတဲ့အမူအရာနဲ့ရယ်တယ်။

"ဝိညာဉ်ခွဲထုတ်သူတွေက နတ်ဘုရားမှ မဟုတ်တာ ဒီတိုင်း *နှုတ်ထွက်ထားကြတဲ့ လူတွေပါပဲ"
*

ကျွန်မ အေးစက်စက် စိုက်ကြည့်ပေးလိုက်တယ်။

"ရှင်က တော်တော် ဆင်ခြေပေးတတ်တဲ့ လူပဲ ပြောရရင် လောကကြီးမှာ မကောင်းတဲ့လုပ်ရက်တွေ အများကြီးရှိတဲ့ထဲ သူများအသက်ကို ထိခိုက်အောင် ဖျက်လိုဖျက်စီးလုပ်နေတာလည်း မကောင်းတဲ့လုပ်ရက်ပဲ ဒီတော့ ရှင်ဘယ်လိုပဲ ရှင်းပြနေပါစေ အဲ့တာက အပြစ်တစ်ခုပဲသိလား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now