35.2

14.6K 2.6K 102
                                    

Unicode



နောက်တစ်စက္ကန့်မှာပင် ဧည့်သည်တစ်ယောက်က ပြောလာသည်။ "မစ္စတာမော့ရဲ့ သင်းတန်းကျောင်းသားတွေထဲမှာ ဘယ်သူက အတော်ဆုံးလဲ? တတိယသခင်လေးဝမ်က တရုတ်တယောအသင်းရဲ့ အဖွဲ့ဝင်သစ်အဖြစ် ရွေးချယ်ခံရတော့မယ်ဆို?"

"...ဒါဆို အရမ်းတော်တာပဲ!"

ဝမ်ချန်းလန်ရဲ့ နှလုံးသားလေး ရုတ်တရက် တုန်ခါသွား၏။ မော့ချင်ရဲ့  အကြည့်နှင့်ဆုံသည့်အခါ သူ့စိန်ထဲတွင် ချက်ချင်းမလုံမလဲဖြစ်သွားတော့သည်။

မော့ချင်သည် တရုတ်တယောအဖွဲ့၏ ဥက္ကဌဖြစ်ပြီး ဒီရွေးချယ်သည့်ပွဲတွင်လည်း အဓိက တာဝန်ရှိသည့် ဒိုင်ဖြစ်သည်။

"ချန်းလန်၊ မင်း အကြောင်းကြားစာမရသေးဘူးလား? မင်း..."

ဆန်ခါတင်စာရင်းရဲ့  ရလဒ်များ ထွက်ရှိပြီးပြီး ဖြစ်၏။ ဝမ်ချန်းလန် အရွေးမခံရပါ။သူသည် အဖွဲ့ဝင်တစ်ဦးအနေနဲ့ ဒီသတင်းကို တခြားသူတွေထက် ပိုသိထားလေသည်။

မော့ချင်တစ်ယောက် နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် သံသယဝင်သွားပြီးနောက် တစ်ခုခုကို နားလည်သွားသလိုမျိုး သူ့မျက်လုံးများသည် မကျေနပ်ဖြစ်သွားသော်လည်း လူရှေ့သူရှေ့မှာတော့ ဝမ်ချန်းလန်ရဲ့ မျက်နှာကို မဆုတ်ခွါလိုက်ပေ။

"လောင်ဝမ်၊ ငါအဲ့လိုမပြောခဲ့ပါဘူး။"

မော့ချင်သည် လူအိုကြီးဝမ်၏ မျက်နှာကို ကြည့်ကာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။  "တေးသွားကောင်းတစ်ခုက  လူသားတွေလိုမလိမ်တတ်ဘူး။"

"....."

ဒီစကားများပြောပြီးသည်နှင့် လူတချို့မှာ ချက်ချင်းသဘောပေါက်သွားကြတော့သည်။

မစ္စတာမော့သည် လူအိုကြီးဝမ်၏မျက်နှာကြောင့်  ဝမ်ချန်းလန်၏ အလိမ်အညာစကားအား လူသိရှင်ကြား ထုတ်မဖော်ချင်ခဲ့ပေ။ သို့သော် သူပြောလိုက်သည့်စကားမှာ အလိမ်အညာကို ဖော်လိုက်သည်ထက် ပိုအထိနာသွားသည်။

ရှီယွင်နန် နှင့် လော့လင်းရှန်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြမိသည်။ "လော့လင်းရှန်း တွေ့လား? ကျောက်တုံးမြှောက်ပြီး ကိုယ့်ခြေထောက်ပေါ် ပြန်မကျဖို့ သတိထားရမယ်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now