part 4

414 32 0
                                    

တစ်နေ့သောမနက်ခင်းမှာ နေရောင်ခြည်နွေးနွေးက မျက်နှာကို တိုက်ရိုက် လာထိတော့  ပြည့်
နိုးလာခဲ့ပြီလေ .....

နှင်း ကွာ အစောကြီး ပြတင်းပေါက် လိုက်ကာတွေ ဖွင့်ထားရလား  နေထိုးတာကွာ အိပ်မရဘူး

အမလေး မနက် ၈နာရီက စောတာလား
ဒေါ်ပြည့်ပြည့်အောင်ရယ်  အိပ်ပုပ်လိုက်တာနော်

ညက အလုပ်ကိစ္စတစ်ခုကြောင့်
ညဥ့်နက်လို့ပါကွာ  လိုက်ကာလေး ဆွဲလိုက်စမ်းပါ နှင်းရာ ပြန်အိပ်ချင်လို့......

မဆွဲပါဖူး  .. အချိန်မနဲတော့တာ  ထတော့  ပိတ်ရက်လေးကို ကလေးကို အချိန်မပေးပဲ အိပ်နေတာ 
ပြည့် အမြဲအဲ့လိုပဲလား တိုင်း ကို

မီးမီးက အရွယ်ရာက်နေပါပြီ ပြီးတော့
တစ်လမှာ တစ်ခါတော့ မီးမီးလျှောက်လည်ချင်တဲ့နေရာတွေ ပြည့် လိုက်ပို့ပေးတာပဲ 
ပိုက်ဆံပိုရှာရမယ်လေကွာ ......

ဆင်ခြေတွေပါ....  တိုင်း က
အရမ်းသိတတ်လွန်နေလို့  မဟုတ်ရင် ပြည့်
အခုလိုပုံစံနဲ့ စိတ်ဒဏ်ရ ရနေနိူင်တယ် 
နှင်း ရောက်တာ ၁လနီးပါး ရှိတော့မယ်
ပြည့်တို့ သားအမိက  နေ့တိုင်း ပုံမှန်
စကားပြောတာရှားတယ်  တိုင်း မှာ
အမေတစ်ယောက်ပဲ ရှိတာ ပြည့်ရယ် 
ဒီထက်ပိုဂရုစိုက်ပေးစမ်းပါ.....

နှင်းကလဲ သူ့အမေ ဖြစ်လာနိူင်တာပဲ နှင်း ဂရုစိုက်ပေးလိုက်လေ  ပြည့်က ဒီရက်ထဲ အလုပ်တွေ ပိုများနေလို့ပါ  ဒီနေ့ နေ့လည်လဲ ပြည့် အလုပ်ကိစ္စတစ်ခုရှိတယ် နှင်း

ပြည့် ဒီနေ့ ပိတ်ရက်ကြီးလေ
အလုပ်ရှိသေးတာလား 

အင်း ရှိတယ် နှင်း..... ပြည့် မှာ ပိတ်ရက် ရှိတာ
ရှားတယ်  ခုလဲ မိုးကုတ်ဘက်က ပြဿနာ တစ်ခုဖြစ်လို့ ပြည့် ဖြေရှင်းရအုံးမယ် မိုးကုတ်ကို
ခရီးထွက်ရင် ထွက်ရမယ် တစ်ပါတ် ၁၀ရက်လောက်ပေါ့  နှင်း ကပဲ  မီးမီးကို ဂရုစိုက်ပေးနော်

ခုတော့ တစ်နာရီလောက် အိပ်ချင်လို့
ပေးအိပ် လာခဲ့ ဆိုကာ နှင်းကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တယ်

အငိုက်မိသွားတဲ့ နှင်းခမျာတော့ ...အော်ရင်း

ပြည့် လွှတ် ရှင့်ဘာသာ တစ်ယောက်ထဲ အိပ်ချင်အိပ်   နှင်း မအိပ်ဘူး....

Time & Rose Where stories live. Discover now