အခန်း(35)

16.9K 1.1K 22
                                    

"Daddy ​ရော ပါးပါး"

"Daddy အလုပ်​သွားတယ်​​လေ baby"

ရနံ့ မနက်​7နာရီထိုး​တော့ ထုံးစံအတိုင်း babiesတို့ကို နှိုးဖို့ babiesတို့အခန်းကိုသွား​တော့သူတို့ daddy ကိုမ​တွေ့တာ နဲ့ babiesတို့က တန်း​မေး​တော့တာပဲ

"အ​စောကြီးသွားတာလား"

"ဟုတ်​တယ်​ daddyအလုပ်​က အ​ရေးကြီးလို့တဲ့ babiesတို့ကို ​အိပ်​​ရေးပျက်​မှာစိုးလို့မနှိုးတာ"

"Daddyက ဘယ်​​တော့ ကြန်​လာမှာလဲ"

"Babiesတို့က 7ကိုသိလား"

"သိတယ်​ ဒီမှာ ပါးပါး"

Babiesတို့က လက်​​သေး​သေး​လေး​တွေနဲ့ ခုနှစ်​​ချောင်း​ထောင်​ပြ​နေတာ​ကြောင့်​ ရနံ့မှာ ပြုံးလိုက်​မိ​တော့တယ်

"ဒါဆို ညဖက်​​ရောက်​ရင်​ babiesတို့ဘာလုပ်​လဲ"

"အိတ်​တယ်​ ပါးပါး"

"အဲလို ညဖက်​​ရောက်​လို့ ခုနှစ်​ခါအိပ်​ပြီးရင်​ daddyက ပြန်​လာမှာ"

"ကြာကြီး သူသူကလွမ်း"

"သူသူ​လေးက ခုကတည်းက daddyကိုလွမ်း​နေပြီလား"

"ဝုတ်​တယ်​"

"လွန်း​လေးနဲ့ ရိပ်​​လေးက​ရော"

"Daddyကို ဖုန်းဆက်​မယ်​​လေ ပါးပါး ရိပ်​​လေးက လွမ်းတာနဲ့ ဖုန်းဆက်​မယ်​​နော်​ "

"လွန်း​လေးက daddyကို မြင်​ရတဲ့ ဟာနဲ့ဖုန်းဆက်​မှာ"

"အတတ်​​လေး​တွေ"

ရနံ့ရင်​ခွင်​ထဲကို ​ခေါင်းလုံးလုံး​လေး သုံးခုကတိုးဝင်​လာတာ​ကြောင့်​ ရနံ့ ဖက်​ထားလိုက်​မိ​တော့တယ်

"ပါးပါး တာ့တာ"

"တာ့တာ ပါးပါး"

"Bye ပါးပါး"

ရနံ့ babiesတို့ကို ရမ်​နဲ့အတူ ​ကျောင်းလိုက်​ပို့​တော့ မူကြို​ကျောင်းအ​ပေါက်​အဝမှာ ရနံ့ကိုတာ့တာ​တွေပြပြီး ဆရာမ​တွေလာ​ခေါ်တဲ့​နောက်​ လိုက်​သွားတဲ့ babies​လေး​တွေ

မူကြို​ကျောင်းဝတ်​စုံဖြစ်​တဲ့ သားသားနှစ်​​ယောက်​အတွက်​ အင်္ကျီအဖြူ​လေး​တွေနဲ့ ​ဘောင်းဘီအဝါ​လေး​တွေ သမီးငယ်​​လေးအတွက်​က စကတ်​အဝါ​လေး​တွေနဲ့ babiesတို့က က​လေး​တွေကြားထဲမှာ ထင်းထွင်​​နေ​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now