အခန်း ၁၈

4.2K 460 23
                                    

မေမြို့၏ မြို့လည်ခေါင်အလယ်မှာ မြိုင်နှင့်ကိုဘတင်တို့ စကားပြော လမ်းလျှောက်ရင်း အချိန်ကုန်နေမိပါတော့သည် ။ မြိုင်လိုချင်တဲ့ ပိတ်စသားတွေကိုလည်း ကုန်သည်ကြီးဦးဘတင် ပီသစွာဖြင့် မြိုင့်အတွက်ဆိုပြီး ပိတ်စများဝယ်ပေးနေတော့သည် ။ ထိုအချိန်ကြားထဲမှာ ရင်ခုန်သံတွေနောက်တစ်ကြိမ် မြန်ဆန်စေခဲ့တဲ့ မိန်းမလှညိုလေးအတွက်ပါ ပိတ်စလက်ဆောင်များ ဝယ်ထည့်ပေးနေမိတော့သည် ။

ကိုဘတင်ဟာ မြိုင့်ထက်အသက်ကြီးလို့ ကိုမြင့်မောင်နှင့်ရွယ်တူဟု ပြောနိုင်ပေမယ့် မြိုင်ကတော့ဖြင့် ကိုဘတင်ကို အသက်ကြီးသည်လို့ မထင်မိဘဲ သူမနှင့်ရွယ်တူဟုသာ လက်ခံထားဆဲပေသည် ။ ကိုဘတင်နှင့် နေထိုင်သည့်ချိန်တိုင်းမှာ မြိုင့်အတွက် လွတ်လပ်မှုကို ရရှိစေသည် ။

" ချယ်ရီမြေဟာ သိပ်လှတာပဲ မြိုင် ။ "

ဆေးလိပ်ကို တစ်ချက်ဖွာရင်း ပြောဆိုလိုက်ခြင်းဖြစ်သည် ။ မြိုင့်မှာတော့ လက်ထဲ၌ အိတ်နှစ်အိတ်ကို ကိုင်ထားပေသည် ။ မြိုင်ဟာ နားသယ်စမှာ ကျဆင်းခြင်းမရှိသည့် ဆံနွယ်တွေအား လက်နဲ့အသာ သပ်လိုက်ပါသည် ။

" ဒီနှစ်ဆောင်းမှာ ပိုလှတယ်လေ ။ ဒါပေမယ့် အရင်က ဆောင်းတွင်း နံနက်ခင်းမှာဆို မေမြို့ရဲ့ အလှပန်းတိုင်းအပေါ်မှာ နှင်းမှုန်လေးတွေ တင်ကျန်နေတာလေ ။ ဒါမျိုးက မန္တလေးမှာ မရှိဘူး ။ "

" ဒီနှစ်ဆောင်းမှာ နှင်းကျတာကို မြင်ဖူးချင်တယ် ။ "

နှစ်ဦးသားလမ်းလျှောက်နေရင်းမှ ကိုဘတင်ဟာ ခြေလှမ်းများ ရပ်တန့်စေတော့သည် ။ အရှေ့ရောက်သွားတဲ့ မြိုင်ဟာ လည်တစ်ပြန်လှည့်ကြည့်တော့သည် ။ ဆေးလိပ်တစ်ချက်ဖွာလိုက်တဲ့ ကိုဘတင်ဟာ လက်ထဲ၌ကိုင်ထားသော ဆေးလိပ်တံနှင့်အတူ ဂီတတူရိယာအမျိုးမျိုးတို့ ရောင်းချရာဆိုင်ခန်းဆီသို့ ညွှန်ပြလိုက်တော့သည် ။

" တို့တွေ ခဏလောက် ဝင်ကြည့်ကြရအောင်လား မြိုင် ။ "

မြိုင်ဟာ ဆိုင်ခန်းအတွင်းသို့ မျက်ဝန်းများနှင့် တစ်ချက်မျှကြည့်လိုက်ပြီး ခေါင်းငြိမ့်လို့ ပြုံးပြပေတော့သည် ။ ထိုသို့ဖြင့် နှစ်ယောက်အတူတူ ဆိုင်ခန်းအတွင်းသို့ ဝင်သွားပေတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now