Chapter 5 - Unicode

7.5K 688 23
                                    

"ကိုယ်နဲ့ မမက မောင်နှမတွေ"

ထိုသို့ပြောပြီး ပြန်တင်သွားသော ကားမှန်နှင့်၊ မောင်းထွက်သွားသောကားကြောင့် သျှင်မင်းသန့် ကြောင်အနေမိသည်။ ခေါင်းထဲတွင်လည်း ကိုယ်နဲ့မမက မောင်နှမတွေဟူသောစကားသည် ပဲ့တင်ထပ်နေသည်။ နှုတ်ခမ်းတို့က တဖြည်းဖြည်းပြုံးလာသည်။

"သျှင်မင်းသန့်"

"ဟင် အင်း"

"ဘာလို့ အဲ့လိုကြီးရပ်နေတာလဲ ဟိုက ဘာပြောသွားလို့လဲ"

အနားကိုဟေမာန်ဦးရောက်လာမှ သျှင်မင်းသန့်အသိပြန်၀င်လာသည်။ သို့သော် ဘာမှပြန်မပြောဘဲ ပြုံဂပြုံးကြီးသာကြည့်နေမိ၏။

"ဟဲ့ ဘာလို့ကြောက်စရာကောင်းအောင်ပြုံးနေတာလဲ"

"ဟီဟီ"

သျှင်မင်းသန့်က တစ်ချက်ရယ်ကာ အိမ်ထဲသို့၀င်သွားသည်။ ဟေမာန်ဦးမှာသာ သူ့သူငယ်ချင်းရူးသွားပြီလားဟူသော စိတ္တဇနှင့်ဖြစ်ရလေသည်။

"ဟီဟီ"

"ငါ့မြေး ဘာပျော်စရာတွေ တွေ့လာလို့လဲ"

အိမ်ထဲ၀င်လာသည်အထိ တဟီဟီနှင့်ဖြစ်နေသော သျှင်မင်းသန့်အား ဦးမင်းထက်က စီးကာမေးလိုက်သည်။ 

"ဟီ ဒီလိုပါပဲ ဖိုးဖိုး"

ပြောပြီးသည်နှင့် သူ့အခန်းထဲသူပြေး၀င်သွားကာ ခုတင်ပေါ်တွင် အိပ်နေသည့် ဟန်နီ့ကိုလည်း ပွေ့ချီနမ်းလိုက်သည်။

"ဟန်နီသိလား ငါ့ဦးလေးကြီးနဲ့ ချယ်က မောင်နှမတဲ့ ဟီဟီ"

"ဟဲ့ သျှင်မင်းသန့်"

ကြောင်ကို ပွေ့ကာ ပျော်ပျော်ကြီးပြုံးနေတုန်းမှာပဲ ဟေမာန်ဦးရော၊ ရာဇာလင်းရော အခန်းထဲရောက်လာသည်။ ထို့နောက် သူ့ကို ထူးဆန်းနေသလိုလိုနှင့်ကြည့်ကာ ခုတင်အစွန်းတွင်၀င်ထိုင်လာကြသည်။

"နင်ဘာဖြစ်နေတာတုန်း"

"ဦးလေးကြီးနဲ့ ချယ်နဲ့က မောင်နှမတွေတဲ့"

"သြော်"

"သြော်"

"ဟ မင်းတို့က မပျော်ကြဘူးလား"

မထူးဆန်းသလိုနှင့် သြော်ဟုပြောကာ တိတ်သွားကြသောနှစ်ယောက်ကြောင့် သျှင်မင်းသန့်ပြောလိုက်မိသည်။ လက်ကလည်း သူ့ပေါင်ပေါ်အိပ်နေသော ဟန်နီ့ကို ပွတ်သပ်ပေးနေ၏။

HONEYWhere stories live. Discover now