အခန်း(၄၃၀)

1.4K 150 41
                                        

အခန်း(၄၃၀)

လူတိုင်း၏ အားကျမှု၊ မနာလိုမှုနှင့် အမုန်းတရားများ။








တကယ်လို့ ချင်ဝမ်အိမ်တော်က ဆင်းရဲရင် ချင်ဝမ်ကိုယ်တိုင်ကလည်း ဆင်းရဲတယ် လို့ ဆိုလိုတာလား။
အဲ့ဒီအမျိုးသားရဲ့ ရှေ့မှာ ဒီလိုစကားမျိုး ပြောလို့ကော ဖြစ်ရဲ့လား။

အရှင့်သားချင်ဝမ်က ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေအတွက် ဘယ်လောက်တောင် လှူဒါန်းခဲ့သလဲ။ သူ့မှာ အကန့်အသတ်မဲ့ ရွှေကတ်တွေ ဘယ်လောက်တောင် ပိုင်ထားသလဲ။ သူ့မှာ တောင်တန်းနဲ့ ဥယျာဥ် ဘယ်လောက်များများ ရှိနေသလဲ။ အရှင့်သားချင်ဝမ်က အစိုးရလစာ ဒါမှမဟုတ် ဘဏ္ဍာထဲက ဘယ်တော့မှ သုံးတာမရှိတာတောင် သူရဲ့ အမိန့်အောက်မှာ လူဘယ်လောက်များများ ရှိနေလိုက်သလဲ။

ချင်ဝမ်က ဆင်းရဲတယ်ဆိုတာ အဲ့ဒီဆိုးရွားတဲ့ Han Yunxi ကလွဲလို့ ဘယ်သူက ပြောထွက်မှာလဲ။

Long Feiye ၏ ပါးစပ်မှာ တွန့်သွားသော်လည်း Han Yunxi ၏ စကားများအား လျစ်လျူရှုထားပေးလေသည်။ ထိုစဥ် လူတိုင်းမှာ ထိုစကားများကြောင့် တိတ်ဆိတ်မှုမှာ လွှမ်းခြုံသွားပြန်သည်။ မယ်တော်ကြီးလီမှာလည်း တစ်ယောက် အပါအဝင် ဖြစ်နေသည်။ ထိုသူများ အားလုံးမှာ Han  Yunxi ၏ လက်ကောက်ဝတ်ရှိ သလင်းကျောက်စိမ်းလက်ကောက်အားသာ စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်နှာမှ အမူအရာအား အံ့အားသင့်မှုဆိုခြင်းကပင် လုံလောက်စွာ ဖော်ပြနိုင်ခြင်း မရှိချေ။ မြေပြင်တုန်လှုပ်သည်ဆိုခြင်းမှာ ဤသို့နှယ် ဖြစ်ရမည်။

သလင်းကျောက်စိမ်းလက်ကောက်မှာ အညစ်အကြေး အရိပ်အမြွက်ပင် မရှိပဲ ရေပြင်ပေါ်မှ လရောင်ကဲ့သို့ တောက်ပကာ ကြည်လင်နေသည်။ ၎င်း၏ အတွင်းမှ ဖျော့တော့သော ခရမ်းဖြူရောင်အလင်းမှာ ဖြာထွက်နေပြီး စိတ်ကူးယဥ် အိမ်မက်တစ်ခုကဲ့သို့ လှပလှသည်။  မယ်တော်ကြီး၏ နန်းဆောင်တွင် ထိုင်နေခွင့်ရှိသည့် အမျိုးသမီးတိုင်းမှာ ပါးနပ်ကြသူများ ဖြစ်ကြသည်။ သူတို့က တစ်ချက်ကြည့်ရုံဖြင့် Han Yunxi ၏ လက်ကောက်အရည်အသွေးအား ပြောနိုင်ကြသည်။

အဲ့တာ သလင်းကျောက်စိမ်းပဲ။ တိမ်တိုက်ကုန်းမြေမှာ အရှားပါးဆုံး ကျောက်မျက်ပဲ။ ရွှေ၊ ကျောက်စိမ်းနဲ့ ညလင်းပုလဲတွေထက် ပိုပြီးတန်ဖိုးရှိတယ်။ ဒါ့အပြင် Han Yunxi ရဲ့ လက်ကောက်က ခရမ်းဖြူရောင်က  အရမ်း ရှားပါးတဲ့ အမျိုးအစားပဲ။ အဲ့တာက အလွယ်တကူပဲ မြို့အများအပြားရဲ့ တန်ဖိုးရှိနိုင်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now