36

15K 2.4K 167
                                    

Unicode

ဝမ်ရိပေမှာ ငယ်ငယ်လေးကတည်းကနေ အရွယ်ရောက်သည့် အချိန်အထိ ဒေါသဖြစ်ခဲသည်။

ရှီယွင်နန် ဝမ်အိမ်တော်ကို လာလည်သည့်အခါတိုင်း လည်း သူ့(WYB) မှာဝန်ချန်းလန် ရန်လာလာစသည်ကို အမြဲခံခဲ့ရသည်။  ရှီယွင်နန် မရှိသည့် အခါဆိုရင်လည်း  ဝမ်ရိပေမှာ အမြဲသည်းခံခဲ့ပြီး လူကြီးသူမများကို ဒုက္ခမပေးခဲ့။

ကြာလာသည့်အခါ ဝမ်ချန်းလန်သည် ဝမ်ရိပေအား ဒေါသမထွက်တတ်သည့်သူဟုမှတ်ယူခဲ့သည်။

အခုတော့ သူ့မှာ ဝမ်ရိပေလက်သီးစာမိလိုက်သလို၊  တစ်ဖက်လူရဲ့ ဒေါသမျက်လုံးများကို တွေ့လိုက်ရသောအခါ ခဏတာမျှ မတုံ့ပြန်နိုင်ဖြစ်သွားလေသည်။

"ဝမ်ချန်းလန်၊ ယွင်နန်ကို အခု တောင်းပန်လိုက်!"

ဝမ်ရိပေသည် လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ထပ်ခါထပ်ခါထိုးလာသည်။ သူသည် ထိန်းမရနိုင်အောင် တဆတ်ဆတ်တုန်နေ၏။

အခုချိန်တွင် သူသည် ဝမ်ချန်းလန်၏ စကားများနှင့်အပြုအမူကြောင့် လုံးဝဒေါသထွက်နေပြီး သူ့ညီလေးကို ကာကွယ်ဖို့သာ ဆန္ဒစောနေသည်။

ရှီယွင်နန်သည် သူ့ရဲ့ ဒီပုံံစံကို မြင်လိုက်ရသောအခါ ဝမ်ချန်းလန်ကြောင့် ထွက်လာတဲ့ ဒေါသလေးတွေ အနည်းငယ်ပြေလျော့သွားတော့သည်။

သူက ဝမ်ရိပေရဲ့လက်ကောက်ဝတ်ကို ဆွဲလှုပ်လိုက် ပြီး ဝမ်ချန်းလန်နဲ့ သူ့သူငယ်ချင်းကို အေးစက်စက်ကြည့်လိုက်သည်။ "ကော၊ ဒေါသမထွက်ပါနဲ့၊ ကောလက်က တယောကိုကိုင်ဖို့ ဒီအမှိုက်နှစ်ကောင်ကို ထိုးဖို့မဟုတ်ဘူး။"

ဒီကိစ္စကြောင့် သူ့လက်သာထိခိုက်သွားရင် ဆုံးရှုံးမှုအကြီးကြီး ခံစားရလိမ့်မယ်။

"အမှိုက်?"

ဝမ်ချန်းလန်မှာ မယုံကြည်နိုင်စွာ အသံထွက်လာသည်။ နာကျင်နေရင်းနဲ့ပဲ သူ့ပါးစပ်ကိုရွဲ့လိုက်၏။ သွေ့နံ့များက သူ့ပါးစပ်ထဲ အပြည့်ပျံ့သွားတော့သည်။

သူက ဝမ်ရိပေထိုးတာခံလိုက်ရသည့် သူ့ပါးစပ် ထောင့်လေးကို ဂရုတစိုက် ထိလိုက်သည်။ အခုတော့ သူဒေါသတွေ တလိပ်လိပ်တက်လာတော့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now