Chapter 6 - Unicode

7.7K 681 7
                                    

မနက်အစောကြီးထကာ အိမ်သန့်ရှင်းရေးထလုပ်ရသည်။ လပြည့်ညဆိုသည့်အတိုင်း စိတ်ကိုကြည်ကြည်လင်လင်လေးထားပြီး ဦးမင်းထက်နှင့်အတူ ပန်းပင်တွေလိုက်ရေလောင်းသည်။ လပြည့်နေ့ဖြစ်တာမို့ ပန်းဆိုင်ကိုပိတ်ဖို့လုပ်ထားသည်။ 

သျှင်မင်းသန့်ကတော့ စောစောစီးစီးရေချိုးကာ ဟန်နီ့ကို ကာကွယ်ဆေးသွားထိုးပေးရန် စိတ်လောနေမိသည်။ 

"မြေး ဖိုးဖိုးမုန့်ဟင်းခါး၀ယ်ထားတယ် လာစား"

ဦးမင်းထက်က မနက်စားဖို့လာခေါ်မှ သျှင်မင်းသန့်အခန်းထဲက ထွက်ခဲ့လိုက်သည်။

"ငါ့မြေးဘုရားတွေဘာတွေသွားမလို့လား"

ပုံမှန်ထက်ပို၍ပင် သန့်သန့်ပြန့်ပြန့်ဖြစ်နေသာ သျှင်မင်းသန့်အား အဘိုးဖြစ်သူက သတိထားမိကာ မေးလေသည်။ ဘောင်းဘီ style pants အပွမီးခိုးရောင်လေးနှင့် တီရှပ်အဖြူရောင် oversized လေးကို၀တ်ထားသူသည် အတော်ပင်ချင်စရာကောင်းသည်။

ပွယောင်းယောင်းဖြစ်နေသည့် ဆံပင်တို့က ရှည်နေပြီမို့ ခပ်အုပ်အုပ်ကလေးဖြစ်နေသည်။ သျှင်မင်းသန့်အသားအရေက နုနုလေးဖြစ်တာမို့ တစ်ခါတရံ နီရဲနေတတ်သည်။ အညိုရောင်မျက်၀န်းကလေးတွေကို ပိုင်ဆိုင်ထားသည့်သျှင်မင်းသန့်သည် ချစ်စရာထက်ပိုသော ချစ်စရာကောင်လေးပင်ဖြစ်သည်။

"မဟုတ်ပါဘူး ဖိုးဖိုးရဲ့ ဟန်နီ့ကိုကာကွယ်ဆေးသွားထိုးပေးမလို့ပါ ခဏနေ"

"သြော်"

"ပြီးတော့ ဒီလိုရက်သာ ဘုရားသွားရင် တစ်ယောက်ဖင်တစ်ယောက်ကန့်တော့ပြီးပြန်လာရမှာ"

သူ့စကားကိုကြားတော့ ဦးမင်းထက်က ဟက်ဟက်ပက်ပက်ရယ်သည်။ သူပြောတာမမှားချေ။ အခုလိုအခါကြီးရက်ကြီးဆိုလျှင် ဘုရားတိုင်းလိုလို လူတစ်သည်။ တစ်ခါတလေ တက်နင်းမတက်ကို တစ်တစ်လှုပ်နေတာမို့ သျှင်မင်းသန့် သဘောမကျပါ။

"ဟုတ်ပါပြီ မုန့်ဟင်းခါးလေးအရင်စားဦး ငါ့မြေး အေးကုန်မယ်"

အဘိုးဖြစ်သူစကားကြောင့် သျှင်မင်းသန့် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ကာ မုန့်ဟင်းခါးစားဖို့ပြင်လိုက်သည်။ စားပြီးတော့ ပန်းကန်တွေဘာတွေဆေးကာ ထမင်းစားခန်းကိုလည်း သန့်ရှင်းရေးလုပ်ရသေး၏။ ထို့ပြင် ဦးမင်းထက်အ၀တ်တွေနှင့် သူ့အ၀တ်တွေကို လျှော်ဖို့ရေစိမ်ထားခဲ့သည်။

HONEYWhere stories live. Discover now