37.2

14.7K 2.5K 43
                                    

Unicode

ရှီယွင်နန်မှာ လော့လင်းရှန်းရဲ့ ပုံရိပ်လေးကိုမတွေ့မိထိ ခန်းမထဲတွင် တော်တော်ကြာစောင့်နေသည်။  သူက လက်ထဲက ကော်ဖီခွက်ကို အမြန်ချကာ သူ့နားသို့ လျှောက်သွားလိုက်လေသည်။

"ဘာလို့ ကြာနေတာလဲ?"

"မစ္စတာ ဝမ်ကော?" လော့လင်းရှန်းက ဘေးပတ်လည်လည်ကို ကြည့်ကာ မေးလာသည်။

ရှီယွင်နန်မှာ တစ်ဖက်လူက 'မစ္စတာဝမ်' ဆိုတာ ဘယ်သူ့ကို ခေါ်လိုက်မှန်း နားမလည်ခင်ထိ ကြောင်နေမိသည်။

" ကျွန်တော့်အစ်ကိုက ပြန်သွားပြီ။"

ဝမ်ရိပေမှာ အေးဆေးနူးညံ့သိမ်မွေ့သူဖြစ်ပြီး အခြားသူများနှင့် ရန်မဖြစ်တတ်သလို၊ မပြိုင်ဆိုင်တတ်သည့်သူလည်း ဖြစ်သည်။ အစကတော့ ကော်ရစ်တာမှာ ရှီယွင်နန်အတွက် ရပ်တည်ပေးခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ကိုယ်သူပါ ဒေါသထွက်လာမိသည်။

ရှီယွင်နန်ကို စင်္ကြံထဲမှ ဆွဲခေါ်လာပြီးနောက် ဝမ်ရိပေရဲ့ မျက်လုံးများမှာ အချိန်မရွေး မျက်ရည်ကျတော့မလို နီရဲနေခဲ့သည်။

ရှီယွင်နန်မှာ သူ့အစ်ကိုကို နှစ်သိမ့်ပေးဖို့ ခဏတာ နှစ်လိုဖွယ် လူကောင်းလေးလို ဟန်ဆောင်လိုက်ရသေးသည်။ အစကတော့ သူကိုယ်တိုင် ဝမ်ရိပေကို ပြန်လိုက်ပို့ပေးချင်ပေမယ့် သူကတက္ကစီခေါ်ပြီး သူ့ဘာသာသူ ပြန်သွားလေသည်။

"ဘာပြဿနာရှိလို့လဲ?" လော့လင်းရှန်းက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလာသည်။

"ဘာပြဿနာမှ မရှိလောက်ပါဘူး။ ကျွန်တော့ အစ်ကိုက မြို့တော်ထဲမှာ အိမ်ရှိတယ်လေ။ ပြီးတော့ ပြီးခဲ့တဲ့  နှစ်နှစ်ကစပြီး သူကဝမ်အိမ်တော်မှာ သိပ်မနေဘူး။ ကျွန်တော့အဖိုးကလည်း ဒါကို ထင်ထားပြီးသားပါ။ ခုနက အရမ်းကြီး မတုံ့ပြန်ဘူးလေ။"

"ခေါင်းဆောင်၊ ကျွန်တော်ကားကို ဒီနေရာမောင်းလာခဲ့မယ်။ နှစ်ယောက်စလုံး ဒီမှာ ခဏလောက်စောင့်နေပေးပါ။  "

"ဟုတ်ပြီ။"

ရှီယွင်နန်က ယွမ်မုန် ထွက်သွားသည်နဲ့ ခုနက မေးခဲ့သည့် မေးခွန်းကို ပြန်မေးလိုက်သည်။  "ထွက်လာဖို့ ဘာလို့အဲ့လောက် ကြာနေတာလဲ? နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းလို့မရခဲ့ဘူးလား?ကျွန်တော် ဒီနေ့ တကယ် ပြဿနာမရှာခဲ့တာပါ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now