Zawgyi
အခန်း-(၈၆) 99 Vs 2
"ငါတို့ရဲ့ အစီအစဉ်ကို မမေ့နဲ့!"
တလိုင် ပြောပြီးတာနဲ့ နျွယ့်ကျွမ်းရဲ့အသံက အမှောင်ထဲမှာ ထွက်လာပါတယ်။
"အင်း"
ပြန်ဖြေပြီးတာနဲ့ ကျွန်မ လက်က ကြာပွတ်ကို ပတ်ပတ်လည်ဝှေ့ယမ်းရင်း ဘယ်ခြေနဲ့ နောက်ဆုတ်လိုက်တယ်။
မျှော်လင့်ထားတဲ့အတိုင်း ခြေနှစ်လှမ်းလောက် နောက်ဆုတ်ပြီးတာနဲ့ နျွယ့်ကျွမ်းရဲ့ ကျောပြင်နဲ့တိုက်မိသွားပါတယ်။
ဒီအစီအစဉ်က ကျွန်မတို့နှစ်ယောက် တိုင်ပင်ထားတဲ့နည်းလမ်းပါ။ပြောရရင် ကျွန်မတို့တွေက ရန်သူကို ကျောချင်းကပ်တိုက်ခိုက်ကြမှာပါ။ရန်သူတွေက ဘယ်လမ်းကြောင်းကနေ တိုက်ခိုက်လာပါစေ ကျွန်မတို့က အဆုံးအထိ ကျောချင်းကပ်အနေအထားနဲ့ နာရီလက်တံအတိုင်း လှည့်ရင်း တိုက်ခိုက်သွားမှာပါ။
သူ့နောက်ကျောကို ဖိကပ်ထားရင်းကနေ ကျွန်မ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ကျွန်မ MF အားလုံးကိုလည်း အရေပြားပေါ် အာရုံစိုက်ထည့်လိုက်ပြီး အထိအတွေ့ အာရုံကိုမြှင့်ထားလိုက်တယ်။ဒီလိုနည်းနဲ့ဘီလူးတွေရဲ့ ရွေ့လျားမှုကြောင့် ဖြစ်လာတဲ့ လေထုပြောင်းလဲမှုတွေကို ကျွန်မ ခံစားနိုင်မှာဖြစ်တယ်။
လာနေကြပြီ!
ဒုန်း!
ကျွန်မ ဘယ်ခြေက ညာဖက်ကို လှမ်းပြီး နဂိုအနေအထားကို ပြန်မဆုတ်ခင် ကြာပွတ်က အလျားလိုက် ထွက်ကျလာတယ်။ပြီးပြည့်စုံတဲ့ ဟန်ချက်နဲ့ နျွယ့်ကျွမ်းကလည်း တူညီတဲ့ လှုပ်ရှားမှုကိုလှုပ်ရှားလာပါတယ်။ဒါပေမဲ့ ကျွန်မရဲ့ ညာဘက်ခြေဖဝါးက စမ်းတဝါးဝါးနဲ့ ရှေ့ကိုလှမ်းလိုက်တာနဲ့ ထူထဲပြီး ဝက်ဝံနဲ့တူတဲ့ ခြေသည်းပေါ် နင်းမိသွားပုံရတယ်။
"အူး....!"
ကျွန်မခေါင်းထက်က ဟိန်းဟောက်သံတစ်ခု ထွက်လာတယ်။ဒီနေရာမှာရှိတဲ့ အသံရဲ့ တည်နေရာက ပိုင်းခြားလို့မရတာကြောင့် ကျွန်မ ခေါင်းထိပ်ဘက်က တုန်လှုပ်သွားတာကိုပဲ ခံစားလိုက်ရတယ်။
YOU ARE READING
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)