38.1

14.1K 2.5K 47
                                    

Unicode

ဘောင်ကျော်တယ်?

ရှီယွင်နန် ထိုစကားကို သူ့စိတ်ထဲမှာ ရေရွတ်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်မိသည်။

သူသည် သူ့ရှေ့က လူကိုကြည့်ကာ ရုတ်တရက် သူအမှားများလုပ်လိုက်မိပြီဟု ခံစားလိုက်မိသည်။ သူတို့နှစ်ယောက်က  'သဘောတူညီချက်' ဆိုတဲ့စကားထက် ခံစားချက်တွေ ပိုတိုးလာနေပြီလို့ သူထင်နေခဲ့တာ။

ဒါပေမယ့် အခုတော့ ဒီရိုးရိုးရှင်းရှင်း စကားလေးတစ်လုံးက သူ့အသိစိတ်တွေကို ပြန်ဆွဲခေါ်လာခဲ့ပြီ။

လော့လင်းရှန်း စိတ်ထဲမှာတော့ သူက ဘောင်ကျော် နေတဲ့ အပြင်လူသက်သက်ပဲ။

"......"

တိတ်ဆိတ်မှုက ပိုကြာလာကာ

ရုတ်တရက်၊ လော့လင်းရှန်းမှာ ရှီယွင်နန် မျက်လုံးတွေကို မကြည့်ရဲ။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိတယ်။ သိမ်ငယ်နေမိပြီး၊ မလွှတ်မြောက်နိုင်တဲ့ အပြစ်ရှိစိတ်၌ ပိတ်မိနေခဲ့တယ်။

မြန်ဆန်နေသာ အသက်ရှုသံများကြားတွင် သူရဲ့ တင်းမာနေသည့် နှလုံးသားကြိုးလေးမှာ ပြတ်လုမတတ်ပင်။

ရှီယွင်နန် ဖြည်းဖြည်းချင်းထလိုက်သည်။

ရှီယွင်နန် ထွက်သွားတော့မယ်လို့ လော့လင်းရှန်း ထင်လိုက်ပေမယ့်၊ သူက ဝီးချဲလ်ကို ဆွဲလိုက်ကာ သူ့ ခြေထောက်နားသို့ တွန်းပေးလာသည်။

ဟုတ်တယ်။

လော့လင်းရှန်း ဝီးချဲလ်ကို ကိုယ်ထိုင်ထယူဖို့ ခက်ခဲနေမှာပဲ။

"ခင်ဗျား စိုးရိမ်နေတာကို ကျွန်တော်သိပါတယ်၊ ဒါမယ့် ခင်ဗျားခြေ​ထောက်တွေက ဘယ်တုန်းကမှ ပြဿနာမဟုတ်ခဲ့ဘူး။ ခင်ဗျားကတခြားလူတွေထက် ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားပြီးသားပါ။ "

ရှီယွင်နန်သည် ထောင်ချောက်မိနေတဲ့ သားရဲကြီးတစ်ကောင်လိုဖြစ်နေသည့် ကြမ်းပြင်ပေါ်က လော့လင်းရှန်းအား တိတ်တဆိတ်ကြည့်လိုက်သည်။ တစ်ဖက်လူအတွက် စိတ်မကောင်းဖြစ်ရမလား သူ့ကိုယ်သူပဲ စိတ်မကောင်းဖြစ်ရမလားဆိုတာမသိတော့။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now