{32}

6.5K 989 36
                                    

Unicode

ရိုက်ကူးရေးအဖွဲ့ကအလွန်ကျွမ်းကျင်ကြသည်။ချူချန်ရင်းနှီးမြှုပ်နှံမယ်လို့ဆုံးဖြတ်လိုက်တာနဲ့ ချန်ကျိယွမ်ရဲ့နှုတ်ထွက်ပြီးစာချုပ်ဖျက်သိမ်းတဲ့သတင်းတွေထွက်ပေါ်လာ၏။

ခဏကြာပြီးနောက် အတင်းအဖျင်းပြောတဲ့ဖြတ်လျောက်တွေက သတင်းတွေဆွေးနွေးပြီးလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

[ဖရဲသီးသတင်း - ချန်ကျိယွမ်က 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ကနေနှုတ်ထွက်သွားပြီလား]

[ပင်မအဆောက်အဦး :ချန်ကျိယွမ်နဲ့ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ရိုက်ကူးရေးအဖွဲ့က စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုတာအမှန်ပဲလား]

[သတင်း‌ေတွထုတ်‌ဖော်ပြောနေတဲ့homepageမှာ စီးပွားရေးအကောင့်တွေရှိတယ် ဝမ်ဖုန်းယွီရဲ့အဖြစ်ပျက်က ရှင်းဟိုင်ကုမ္ပဏီပေါ်သက်ရောက်သွားပုံပဲ ရှင်းဟိုင်က 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ရင်းနှီးမြှုပ်နှံသူလေ…အခုရိုက်ကူးရေးအဖွဲ့ငွေကြေးအရင်းနှီးကပျက်တောက်သွားတော့ ရိုက်ကူးရေးဆက်မလုပ်နိုင်တော့ဘူး။ချန်ကျိယွမ် စာချုပ်ဖျက်သိမ်းတာသဘာဝကျပါတယ်   ]

[ဘာသဘာဝကျတာလဲ ?ရိုက်ကူးရေးအဖွဲ့ကတောင် ဖျက်သိမ်းတော့မယ်လို့သတင်းမထုက်ရသေးဘူးလေ…သူတို့အဖွဲ့ထဲက သရုပ်ဆောင်တွေကစာချုပ်ဖျက်သိမ်းချင်နေကြပြီ…စိတ်ပျက်ဖို့ကောင်းလွန်းတာမဟုတ်လား]

[ ဟုတ်တယ် ဥစ္စာတွေကုန်ဆုံး ပေမယ့်လူတွေအသက်ရှိနေကြတာပဲလေ ရိုက်ကူးရေးအဖွဲ့သာရိုက်ချင်ရင် တစ်ခြားရင်းနှီးမြှုပ်နှံသူရှာတာပိုကောင်းတယ် ]

[အဲ့လောက်မလွယ်ဘူးလေဟယ် နဂိုတည်းကဘက်ဂျက်နိမ့်တဲ့အွန်လိုင်းဒရမ်မာလေးပဲဟာ လူနည်းနည်းပဲအရင်းအနှီးထည့်ချင်ကြမှာ အခု ဇာတ်ကားရိုက်ကူးရေးလဝက်ပြီးမှ ရှင်းဟိုင်ကပြဿနာတက်သွားတာလေ ဒီအချိန်မှဘယ်သူက လက်လွှဲယူချင်ကြပါ့မလဲ]

[ဒီတော့ ချန်ကျိယွမ်ကစာချုပ်ဖျက်သိမ်းဖို့လုပ်ရတာပေါ့ ဖြစ်သင့်ပါတယ်]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now