အခန်း-(၈၇) တလိုင်ရဲ့ အိပ်မက်ဆိုး

140 29 0
                                        

Zawgyi

အခန်း-(၈၇) တလိုင်ရဲ့ အိပ်က်ဆိုး

နျွယ့်ကျွမ်းဆီက နွေးထွေးမှုတွေက ကျွန်မနှုတ်ခမ်းအနှံ့ ပျံ့နှံ့လာခဲ့တာကြောင့် အမှောင်ထဲက ကျွန်မ မျက်ဝန်းတွေက တုန်ယင်လာပါတယ်။

သူ့ခေါင်းကို ဖိကိုင်ထားရင်းက‌နေ ထိတ်လန့်တုန်လှုပ်နေတဲ့ ယုန်တစ်ကောင်လို ကျွန်မ ထမထိုင်ခင် သူ့ကို အရင် တွန်းဖယ်ပစ်လိုက်တယ်။အဲ့လိုဆက်တိုက် လှုပ်ရှားလိုက်တဲ့ ကျွန်မရဲ့ လှုပ်ရှားမှုက စက္ကန့်ပိုင်းလေးပဲကြာပါတယ်။

ပြီးတာနဲ့ ကျွန်မချက်ချင်းပဲ အမှောင်ထဲ ထိုင်နေရင်းတန်းလန်း မမြင်ရတဲ့သူ့ကိုစိုက်ကြည့်နေမိတယ်။

ခုလိုအမှောင်ထဲမှာပဲ သူ့အသက်ရှူသံတွေကို ကျွန်မကြားနေရတယ်။

"အဲ့တာ….အဲ့တာက မတော်တဆ...တကယ်..မတော်တဆနော်"

ပြောနေရင်း ကျွန်မလက်ကို ခေါင်းနောက် ကုတ်ခြစ်နေမိတယ်။

နျွယ့်ကျွမ်း မတုံ့ပြန်လာခင်မှာဘဲ ကျွန်မ ခြေဖဝါးအောက်က တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး အလင်းရောင်က မျက်လုံးထဲ နောက်တစ်ကြိမ် တိုးဝင်လာတယ်။

ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာတဲ့ အလင်းတန်းကြောင့် ကျွန်မမျက်လုံးတွေကို ပွတ်သပ်ကြည့်မိတယ်။ကျွန်မအမြင် ရှင်းသွားတဲ့အခါကျ သန့်ရှင်းပြီး အလင်းရောင်ရှိတဲ့ ကျောက်ခန်းကို မြင်လိုက်ရတယ်။

နျွယ့်ကျွမ်းက ကျွန်မရဲ့ ဆန့်ကျင်ဘက်ကနေ ဖြည်းဖြည်းချင်းထလာပြီး ကျွန်မနောက်လိုက်လာတယ်။အဲ့ချိန် ကျွန်​​မတို့ အ​နောက်နံရံကနေ တလိုင်ရဲ့ အသံကခုန်​ထွက်လာတယ်။ 

"ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့တာပဲ...မင်းတို့ကလေ ငါမျှော်လင့်ထားတာထက် ပိုလုပ်နိုင်ခဲ့တာပဲ ပြောရရင် နှစ်ယောက်လုံး အဲ့ဒီကနေ မထွက်လာခင် အနည်းဆုံးတော့  အစိတ်စိတ်အမွာမွာ ကွဲသွားလိမ့်မယ်လို့ ငါထင်ခဲ့တာကို"

……

မျှော်လင့်ထားသလိုပဲ ရှင်က ကျွန်မတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့ စီစဉ်နေတာလား တလိုင်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now