အခန်း-(၉၁) အလွန်အမင်း အနိုင်ကျင့်ခြင်းလား?!

134 27 0
                                        

Zawgyi

အခန်း-(၉၁) အလွန်အမင်း အနိုင်ကျင့်ငြ်းလား?!

ယုံချီက နျွယ့်ကျွမ်းကို အေးစက်စက်စိုက်ကြည့်လာတယ်။

"ရှင်တို့နှစ်ယောက်လုံးရဲ့ ပုံစံကလေ ကိုယ့်ကိုယ်ကိုကျ အမြဲ ကြင်နာတတ်တဲ့လူကောင်းတွေလို့တွေးပြီး တစ်ခြားလူတွေအားလုံးကျ အကြင်နာကင်းမဲ့တဲ့ ဗီလိန်ဖြစ်အောင်လုပ်နေကြတာကို ကျွန်မတကယ်မုန်းတယ်သိလား...ဘယ်လိုနေနေ ကျွန်မက လီချင်း နဲ့ လီဝမ်ကို လီရှန်းထက်တော့ ပိုဂရုစိုက်ပါသေးတယ်"

"အရေးကြီးတာက လီဝမ်က တုယွဲ့နဲ့ လုံးဝအဆက်အစပ်မရှိဘူးဆိုတာ ငါသေချာပြောရဲတယ်"

တလိုင်က ဝင်ပြောလာပါတယ်။

"ရှင်က ဘာလို့ ဒီလောက်သေချာနေရတာလဲ....ဘာလဲ ရှင်က ဝိညာဉ်ခွဲထုတ်သူမို့လား?" 

ယုံချီက မျက်လွှာပင့်ကြည့်ရင်း မေးလာတယ်။

တလိုင်က ပြုံးလိုက်ပါတယ်။ 

"ငါက ဝိညာဉ်ခွဲထုတ်သူဖြစ်ရုံအပြင် တုယွဲ့ ရဲ့ ရည်ရွယ်ချက်ကိုလည်း ငါသိသလို မင်းရဲ့ရည်ရွယ်ချက်ကိုလည်း ငါသိတယ်"

ယုံချီရဲ့ အေးစက်စက်အကြည့်ကို မြင်လိုက်ရတော့ တလိုင်ရဲ့အကြည့်က ကျွန်မဆီရွေ့လာပြန်တယ်။

"လီဝမ်ရဲ့ အခြေအနေအတိအကျကို ငါ သေချာမသိပေမဲ့  တုယွဲ့ရဲ့ စမ်းသပ်ချက်မှာ လီဝမ်နဲ့ မပတ်သက်ဘူးဆိုတာတော့ ငါသေချာတယ်"

ကျွန်မ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားခဲ့တယ်။လီဝမ်က သူမဘာသာသူမ သရုပ်ဆောင်နေခဲ့တယ်လို့ ဆိုလိုတာလား။

ဒါဖြင့် သူမက စမ်းသပ်ခံအနေနဲ့ ဘာကြောင့် ဟန်ဆောင်ခဲ့တာလဲ။ဘာလို့ ဆုန်းလုကို လာခေါ်သွားရတာလဲ။

ဆုန်းလု…

ကျွန်မ ထိတ်လန့်တကြားနဲ့ နျွယ့်ကျွမ်းကို လှမ်းကြည့်လိုက်တယ်။နျွယ့်ကျွမ်းက ကျွန်မကို မသိမသာ ခေါင်းညိတ်ပြပြီး စိတ်မပူနဲ့ဆိုတဲ့ အမူအရာလုပ်ပြလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Tempat cerita menjadi hidup. Temukan sekarang