39.1

14.4K 2.5K 99
                                    

Unicode

ရှုရှုလည်း ရှောင်ရှုရှူကို အရမ်းသဘောကျတယ်တဲ့။

ဒီစကားကိုကြားတော့ ရှီယွင်နန်ရဲ့ နှုတ်ခမ်းပေါ်က အပြုံးလေးမှာ ချက်ချင်းအေးခဲသွားတော့သည်။ သူကရွှေငါးလေးကို သယ်ကာ သူ့စားပွဲပေါ်တင်လိုက်ပြီး အခိုင်အမာ ငြင်းတော့သည်။ "မင်းက ကောင်ဆိုးလေးပဲ၊ လော့လင်းရှန်း ငါ့ကို သဘောကျမှန်း ဘယ်လို သိတုန်း? "

"သူ ရှောင်ရှုရှူကို တကယ်သဘောကျတာ အာ၊
ရှောင်ရှုရှုက အရမ်းကောင်းတဲ့ဟာကို အားလုံးက သဘောကျတာပေါ့။"

ရွှေငါးလေးက ခေါင်းလေးကိုခါယမ်းကာ ပြန်တုံ့ပြန်လာသည်။ သူက ခဏရပ်ပြီး သူ့ကိုယ်ပိုင်အမြင်လေးနဲ့ သူပြောခဲ့တဲ့ အဖြေကို သက်သေထပ်ပြလာလေသည်။

"ရှုရှုက တခြား သူတွေအပေါ်ဆို အရမ်းရက်စက်တာ၊ ဒါမယ့် ရှောင်ရှုရှုကိုဆို အရမ်းကြင်နာတယ်။ သားတို့စတွေကတည်းက သူကပြောတယ် ရှောင်ရှုရှုက သားတို့ မိသားစုတဲ့။"

"သားတို့က သားတို့ သဘောကျတဲ့သူအပေါ်ဆို ကြင်နာ တတ်ကြတယ်မလား?"

"..."

ရှီယွင်နန်မှာ ရွှေငါးလေးရဲ့ တောက်ပနေသည့် မျက်လုံးများကို စိုက်ကြည့်ရင်း သူ့မှာ မငြင်းဆန်နိုင်ပေ။

ပိုနီးနီးနေရတဲ့လူတွေက တချို့ ဘေးကလူတွေလို မမြင်တတ်ကြဘူးတဲ့။

တခါတလေ လူကြီးတွေက ကလေးတွေလို သဘောပေါက်မလွယ်ကြ။ သူတို့ရဲ့ ဖြူစင်တဲ့ အတွေးလေးတွေဟာ သေချာတိကျဆုံးပင်။

ဟုတ်တယ်။

အပြင်လူတွေ အတွက်တော့ လော့လင်းရှန်းဆိုတာ ကြားရရင်တောင် ထိတ်လန့်နေရတဲ့ နာမည်လေ။  ရှီးခဲယွဲ့နဲ့ ဝမ်ဝမ်ယိုတို့ အပေါ်ကိုတောင် မညှာမတာ အလျှော့မပေးခဲ့တဲ့သူ။ ဒီလို လူမျိုးက စာချုပ်တစ်ခုကြောင့် သူ့ကို စနောက်ခွင့်ပေးပါ့မလား?

ရှီယွင်နန် သူ့ကိုယ်သူ လုံလုံလောက်လောက် တော်နေပါပြီလို့ ထင်မိပေမယ့် ဒီတစ်မိုးအောက်မှာ ပြိုင်ဘက်ကင်း ဖြစ်နေတာကိုတော့ သူအရမ်းဂုဏ်ယူနေလို့မရ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now