Epi(38) Unicode

6.9K 554 15
                                    

အပိုင်း(၃၈)

"မင်းအဆင်ပြေရဲ့လား ခီ"

နဖူးစမှ ချွေးလေးတွေထွက်လာသော်လည်း မျက်နှာမှာမူ ထုံးစံအတိုင်းပင်။ သို့သော် သူခီ့အကြောင်းသိသည်မို့ ဒီပုံစံမှာ အဆင်ပြေနေတာမဟုတ်မှန်း သူသိသည်။

"ပြေပါတယ် ညိမ်ရဲ့ "

"မင်း ဘတ်စ်ကား တစ်ခါမှ မစီးဖူးဘူးလား "

သူမေးလိုက်တော့ ခီကအကျပ်ရိုက်နေပုံပေါ်သည်။ မျက်လုံးများက ဟိုဟိုဒီဒီဝေ့ဝဲလျက်။

ခီတန်ကူးဇဏ်သည် ဘယ်လိုအဖြေပြန်ပေးရမလဲမသိ။ အကျပ်ရိုက်‌နေသည်။
စီးဖူးတယ်ဖြေလိုက်ရမလား။ မဟုတ်…ဒါဆို သူညိမ်ကို လိမ်ရာကျသွားပေလိမ့်မည်။
မစီးဖူးဘူးဆိုရင်‌တော့…ဘတ်စ်ကားမစီးဖူးတာလေးကြောင့် သူတို့ဆက်ဆံရေး အနှောက်အယှက်ဖြစ်သွားမှာကို သူမလိုလား။ ညိမ် သူ့ကို ကြီးကျယ်တယ်လို့ ထင်သွားမှာ အသေအချာပင်။

"ဟို…ကျွန်တော် "

"ခီရယ် မင်းမစီးဖူးလည်း မစီးဖူးဘူးပြောတာမဟုတ်ဘူး။ငါတို့ တက္ကစီနဲ့ပြန်တာပေါ့ "

"ကျွန်တော်က ညိမ်နဲ့ဆို ဘာဖြစ်ဖြစ် အဆင်ပြေပါတယ် ။ ဒါကလည်း အသားမကျသေးလို့ပါ "

ပုံမှန်သင်တန်းဆင်းချိန်ဆို ကားစီးရသည်မှာ အဆင်ပြေသော်လည်း သူတို့လမ်းမတင် စကားတွေပြောခဲ့သည်ကြောင့် အချိန်က ကြန့်ကြာသွားရသည်။
ခီက ဆိုင်ကယ်လည်း ဘာမှမပါတာမို့ သူလည်း ပုံမှန်အတိုင်း ဘတ်စ်ကားပေါ်သို့ သာတက်ခဲ့ခြင်းဖြစ်သည်။
သိုပေမဲ့ သူမေ့သွားတာ တစ်ခုက ခီတန်ကူးဇဏ်သည် သူ့လို သာမာန်ကောင်လေးတစ်ယောက်မဟုတ်ခြင်း။

ဘတ်စ်ကားပေါ်တွင် ခီတန်ကူးဇဏ် တစ်ယောက်ပူလောင်နေသည်။ အများနဲ့မို့လားမသိ အဲကွန်းကလည်း မအေးသည်မို့ သူအတော် သည်းခံနေရသည်။
ငယ်ငယ်တည်းက ဘယ်သူနဲ့မှ တစ်ခါမှ မစီးဖူးတာကြောင့် ဒီလိုဖြစ်တာ မဆန်းပေမဲ့ ညိမ်တစ်မျိုးထင်သွားမှာကို သူ့အနေနဲ့ တကယ့်ကိုစိုးရိမ်မိသည်။

"လာ…ဟိုနားမှာ နည်းနည်းပိုချောင်တယ် ခီ "
ရုတ်တရက် လက်ကိုဆွဲကာ အနောက်ဘက်နားသို့ လျှောက်သွားတဲ့ ညိမ်ကြောင့် သူလည်း ရောယောင်ကာ နောက်မှ လိုက်ရသည်။

Love Of My Life [Completed]Where stories live. Discover now