အခန်း-(၉၃) ရန်လိုတဲ့ဧည့်သည်

127 26 0
                                        

Zawgyi

အခန်း-(၉၃) ရန်လိုတဲ့ဧည့်ည်

ရွှတ်...!ရွှတ်...!ရွှတ်...!ရွှတ်...!

"အာဝူး...!အာဝူး...!"

နျွယ့်ကျွမ်းက ခုန်လိုက်ပြီး လေထုအလယ်မှာ ရပ်လိုက်တော့ သူ့မျက်လုံးထဲကနေ အနီရောင် အလင်းတန်းတွေထွက်လာပါတယ်။အနီရောင်အလင်းတန်းတွေကပဲ သားရဲကောင်တွေကို ပိုင်းဖြတ်သွားခဲ့တာပါ။

ဒီတော့ သားရဲကောင်တွေက အသားကုန် နာနာကျင်ကျင် အော်ဟစ်လာပြီးမြေပေါ်လဲကျလာတယ်။

အဲ့ချိန် နျွယ့်ကျွမ်းကို မြင်နေရတာက လေထုထဲဝဲပျံနေတဲ့ သေမင်းနတ်ဘုရားနဲ့တူပါတယ်။သူ့မျက်လုံးတွေကထွက်လာတဲ့ အနီရောင်အခိုးအငွေ့ရယ် အနက်ရောင်လက်အိတ်တစ်စုံနဲ့လက်ချောင်းတွေရယ် အနက်ရောင်ဂျာကင်အင်္ကျီကိုကြည့်ရတာ တကယ့်သေမင်း နတ်ဘုရားပါပဲ!

ကြီးမားတဲ့ ဘီလူးရုပ်သေးရုပ်တွေကလည်း ဒေါသထွက်နေကြပြီး သူတို့ဆုပ်ကိုင်ထားတဲ့ အမှောင်အရိပ်ကို မလွှတ်သွားအောင် အတင်းအကျပ်ဖမ်းနေကြပါတယ်။

အရိပ်က ပြင်းပြင်းထန်ထန် ရုန်းကန်လာတဲ့ချိန် ဘီလူးရုပ်သေးရုပ်တွေနား ကျည်ဆန်အပစ်ခံလိုက်ရသလို အသံထွက်လာတော့ ဘီလူးရုပ်သေးရုပ်နှစ်ကောင်က နောက်ပြန်ဆုတ်သွားပြန်တယ်။

ဒိုင်း! 

အမှန်တော့ ဧရာမ ရုပ်သေးရုပ်တွေက လေထဲ အရှိန်နဲ့မြှောက်တက်သွားပြီးမှ မြေပြင်ပေါ် ပစ်ချခံလိုက်ရတာပါ။

အမှောင်အရိပ်ကြည့်ရတာ မရေမတွက်နိုင်တဲ့ တစ်ခြားအရိပ်တွေကိုပါ ဝါးမျိုထားပုံရပြီး တဖြည်းဖြည်းနဲ့ ကောင်းကင်ထက်ဝက်နီးပါးထိ မတရားကြီးမားတဲ့ အရိပ်ဖြစ်လာတယ်။

ယုံချီရဲ့မြွေအမြီးမှာ ကျွန်မရဲ့ ခရမ်းရောင် ဓားသွားသေးသေးလေးတွေထိုးစိုက်ပြီးတဲ့ချိန် သူမရဲ့ အစိမ်းရောင်ဆံပင်တွေကလည်း လေဝဲလွင့်ဝဲလာတယ်။သူမ ခေါင်းကစိုက်ဝင်နေတဲ့ မြားတစ်စင်းရယ် လေထဲမှာဝဲလွင့်‌နေတဲ့ သူမဆံပင်တွေကြည့်ရတာ တကယ်ကို ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု မြင်နေရသလိုပါပဲ!

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now