အခန်း-(၉၆) ပျက်စီးခြင်း

112 26 0
                                        

Zawgyi

အခန်း-(၉၆) ပျက်စီးငြ်း

ကျွန်မ မသိလိုက်ဘဲ ပြုံးလိုက်မိတယ်။

"အခု ဆွေးနွေးမှုကြည့်ရတာ ကျွန်မတို့တွေက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေရတဲ့ အခြေအနေပါလားနော်...ပြောရရင် အနောက်ဘက်ခရိုင်က ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြသလို ရှင်တို့အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကလည်း စူလော်ကို ကာကွယ်ဖို့ပဲမဟုတ်လား...ကျွန်မကတော့ စူလော်ရဲ့ ကိစ္စတွေမှာ ဝင်ပါမှာမဟုတ်သလို သူ့ကို ကာကွယ်ဖို့ရာလည်း စိတ်မဝင်စားဘူး ကျွန်မ စိတ်ဝင်စားတာက ကျွန်မသူငယ်ချင်းတွေကို ကယ်တင်ပြီး ရှင်တို့ရဲ့စမ်းသပ်မှုကို ဖျက်ပစ်ချင်တာပဲ!”

ကျွန်မ ရှေ့က အရိပ်နဲ့အတူ ယုံချီကို လက်ညှိုးညွှန်ပြပြီးပြောလိုက်တယ်။

တလိုင်ကလည်း ဝင်ပြောလာတယ်။

"ငါ့ ရည်ရွယ်ချက်ကလည်း ရိုးရှင်းပါတယ် ရုံကျင့်နဲ့ တုယွဲ့ရဲ့ စမ်းသပ်မှုကို ရပ်တန့်စေချင်တယ် ပြီးတော့ တုယွဲ့မှာ ဒီစမ်းသပ်မှုအတွက် အခြေစိုက်နေရာ တစ်ခုရှိရမယ် အဲ့နေရာက ဘယ်မှာလဲဆိုတာ မင်းတို့ငါ့ကို မပြောပြချင်ဘူးလား"

ရုံကျင့်ရဲ့ အရိပ်ကလှုပ်ရှားလာတယ်။

"ဟီး ဟီး နောက်ဆုံးတော့ မင်းရဲ့ရည်ရွယ်ချက်ရောက်ပြီပေါ့လေ...ဘယ်လိုတောင် သနားစရာကောင်းနေရတာပါလိမ့်...တုယွဲ့ရဲ့ စမ်းသပ်မှုအတွက် အသုံးပြုတဲ့ အခြေစိုက်နေရာက အ‌‌နောက်ဘက်ခရိုင်ရဲ့ အကယ်ဒမီကျောင်းဆောင်မှာပဲကို ဒါပေမဲ့ အခု အနောက်ဘက်ခရိုင်က မရှိမှတော့ မင်းဘာလုပ်နိုင်မှာမို့လဲ"

သူ့စကားကြားတော့ ကျွန်မဒေါသတကြီးနဲ့ ယုံချီကို စိုက်ကြည့်မိတယ်။သူမကလည်း ကျွန်မကို အေးစက်စက်ပြန်ကြည့်နေပါတယ်။

ကျွန်မသိပါတယ်။ဒီတောအတွင်း သူမက တုယွဲ့နဲ့ ပူးပေါင်းပြီး အနောက်ဘက်ခရိုင်က လူတွေကို စမ်းသပ်မှုအတွက် အသုံးချခဲ့တယ်ဆိုတာ!

ပြောရရင် အကယ်ဒမီကျောင်းရဲ့ ခေါင်မိုးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ လူတစ်ယောက်က သူတို့ရဲ့ မအောင်မြင်တဲ့ စမ်းသပ်ခံ ပစ္စည်းတစ်ခုပါပဲ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now