Zawgyi
အခန်း-(၁၀၀) လူ့အရေပြား ခရမ်းရောင်ကြာပွတ်
သီးခြား ဖွဲ့စည်းပုံလား? ဒီလူတွေကြည့်ရတာ တိုက်ခိုက်ဖို့ပဲ ရွေးချယ်လာကြတာပဲ!
"အဲ့ဒါတွေက ဆင်ခြေပေးနေတယ်ဆိုတာ သိသာလွန်းတယ် ပြောရရင် သူတို့လိုချင်တာက တကယ်တိုက်ခိုက်ဖို့ပဲ"
ကောင်းချင်းကျုံယဲ့က လက်ပိုက်ပြီး ပြုံးရင်း ပြောလာတယ်။
ဟာ...တိုက်ခိုက်ရဉီးမှာတဲ့လား?ကျွန်မတို့က သူတို့နဲ့ တိုက်ကော တိုက်သင့်ရဲ့လား?
ကျွန်မ ကြာပွတ်ကို ညာလက်နဲ့ယူပြီး ဆံပင်တွေကို သပ်တင်ရင်း နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်တယ်။
မတိုက်ခိုက်ခင်မှာ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဖြစ်နေတာ အကောင်းဆုံးပါ။ပြောရရင် အခုကျွန်မပုံက တော်တော်လေး ဟန်ချက်ညီနေပါပြီ!
ကောင်းချင်းကျုံယဲ့ကလည်း ဒီလူခုနှစ်ယောက်ရဲ့ စွမ်းရည်ကို လျှော့မတွက်တာကြောင့် သူရဲ့ညာလက်နဲ့ခါးမှာ ဆောင်ထားတဲ့ ပျော့ပြောင်းတဲ့အနက်ရောင်ဓားရှည်ကို လှမ်းယူပြီးပါပြီ။
တလိုင်ပြောခဲ့တဲ့ထဲ ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင် ဒီလက်နက်က သက်ရှိလက်နက် လေးခုထဲက ရှန်းချီဆိုတဲ့ လက်နက်ပါ။
ကောင်းချင်းကျုံယဲ့က ရှန်းချီဓားရဲ့ လက်ကိုင်ကနေ ဖြည်းဖြည်းချင်း ဆွဲထုတ်လာတာကြောင့် အေးစက်လာတဲ့ အနက်ရောင်အငွေ့အသက်က ဓားမှာပေါ်လာပါတယ်။အဲ့ဒီဓားက ကျွန်မကို လုံးဝဆွဲဆောင်နိုင်တာကြောင့် ကျွန်မ အကြည့်တွေ အာရုံတွေအားလုံးက ဓားပေါ်ပဲရောက်နေမိတယ်။
ဓားက သူ့ခါးမှာ ရှိတုန်းကတော့အရည်အသွေးမြင့် အနက်ရောင်ပိုးထည်နဲ့တူနေပြီး ဆွဲထုတ်လိုက်တဲ့အခါကျ ကမ္ဘာ့အပါးလွှာဆုံးနဲ့ အချွန်ဆုံးဓားအဖြစ် တောက်တောက်ပပ ထွက်လာပါတယ်။
ချွမ်!
သူက ဓားကို အပေါ်ဘက် လှန်လိုက်တာကြောင့် အနက်ရောင် အလင်းတန်းတစ်ခုက ကျွန်မနားကနေ ဖြတ်သွားပါတယ်။
VOCÊ ESTÁ LENDO
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
TerrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)