အဆက်

5.5K 867 50
                                    

Unicode

ချူချန်သည် ကျိုးချန်ဖုန်းရဲ့မျက်လုံးနောက်လိုက်ပြီး ကျိချင်းကျိုးကိုမေးလိုက်သည်။

"ကျိုးကျိုးမှာပြောစရာရှိလို့လား"

"ကျိုးကျိုးဘာမှမ‌ဝေဖန်ရဲပါဘူး"

ချူချန်ကမူ ဒီအဖြေပေါ်သိပ်ကျေနပ်မှုမရှိပေ။

"ကျိုးကျိုး ကိုယ်မင်းကိုဘာပြောထားလဲ"

ကျိချင်းကျိုးကပေကလပ်ပေကလပ်ဖြစ်သွားတယ်။သူတို့နှစ်ယောက်မှာ ပုံစံမျိုးစုံရှိနေတော့ ချူချန်အခုမေးတဲ့အရာကို သူဘယ်လိုသိနိုင်မှာလဲ…သူ ခဏလောက်တွေးတောပြီး ကျိုးချန်ဖုန်းရဲ့ရှေ့မှာဖြစ်တဲ့တွက် ရှူးဂါးဒယ်ဒီတို့ ကောကော တို့ကို ချူချန်က မဖြေခိုင်းစေချင်လောက်ဘူး… အနီးစပ်ဆုံးအဖြေကတော့

"Idol?"

"မင်းရဲ့ idolကပွဲဦးထွက်တော့မယ်ဆိုတော့ မင်းဘာလုပ်သင့်လဲ"

"ကျွန်တော့် idol ကို အော်ပြီး အားပေးရမယ်"

ချူချန်သည် ကျိုးချန်ဖုန်းကိုကြည့်၍ ကျိချင်းကျိုးဘက် လက်လှမ်းပြကာ

"တွေ့လား ငါ့မှာ ဖန်ကလပ်ဥက္ကဌတောင်ရှိနေပြီ"

ကျိုးချန်ဖုန်း : ……

ဖန်ကလပ်ဥက္ကဌ ကျိချင်းကျိုး : ………

ကျိုးချန်ဖုန်း ကျိချင်းကျိုးကိုကြည့်လိုက်တော့ ဟိုကလည်း ခြောက်ကပ်ကပ်အပြုံးကြီးနဲ့ သူ့ကိုပြန်ကြည့်လာ၏။ချူချန်က တကယ်ကြီး အနုပညာလောကထဲဝင်လာမယ်ဆို သူဘာတတ်နိုင်မှာလဲ သူလည်း ချူချန်ရဲ့ ဖန်ကလပ်ဥက္ကဌ လုပ်ရုံပဲလေ…

ကျိုးချန်ဖုန်းမှာလည်း ပြောစရာစကားမရှိတော့ဘူး။

"ကောင်းပါပြီ ကျွန်တော် ရိုက်ကူးရေးအဖွဲ့ကိုပြောလိုက်ပါ့မယ် ဒါပေမယ့် ဥက္ကဌချူလည်း ပွဲဦးထွက်မယ့်နာမည်ရွေးသင့်တယ်…သိုသိုသိပ်သိပ်အနေအထားဖြစ်အောင်လို့ပါ"

ချူချန်ကစဉ်းစားခန်းဝင်ပြီး

"ကောင်းပြီလေ ချန်ကို " ရိုးသားမှု" ကနေ " မြို့ပြ" လို့ပြောင်းလိုက်မယ် "

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now