Chapter 7 - Unicode

7.5K 640 20
                                    

"ဟိုကောင် သျှင်မင်း ငါတို့ရောက်ပြီ"

အထုပ်တွေအပိုးတွေနှင့် အိမ်ထဲ၀င်လာသူ သူငယ်ချင်းနှစ်ယောက်ကြောင့် သျှင်မင်းသန့် မျက်လုံးပြူးသွားရသည်။

"ဟဲ့ ဟဲ့ နင်တို့ အိမ်ပြောင်းလာကြတာလား"

သူမေးတော့ နှစ်ယောက်လုံးက အထုပ်တွေကိုသေချာကြည့်ရင်း သူ့ကိုပြန်ကြည့်သည်။

"ငါတို့ ဒီညအိပ်မှာလေ ဒီမှာ"

"အေး သိတယ်လေ"

"အေး သိတာကိုဘာလို့မေးနေသေးလဲ"

ဟေမာန်ဦးကပြောရင်းဆိုရင်း အထုပ်တွေဆွဲကာ မီးဖိုချောင်ထဲ၀င်သွားပြီး အဘိုးကိုနှုတ်ဆက်သည်။ ထို့နောက် ရာဇာလင်းကလည်း အထုပ်တွေယူကာ  သျှင်မင်းသန့်အခန်းရှိရာသို့သွားပြီးချသည်။ ထို့နောက် ပြန်ထွက်လာပြီး ဟေမာန်ဦးရှိရာမီးဖိုချောင်ထဲသို့သွား၏။

သျှင်မင်းသန့်နဲ့ ဦးမင်းထက် သူတို့နှစ်ယောက်အထုပ်ဖြည်တာကိုထိုင်ကြည့်နေရသည်။

"ရော့ ဒါက ဟိုတစ်နေ့ကမ၀ယ်လိုက်ရလို့ ငါးအူချောင်း"

ဟေမာန်ဦးက မုန့်လုပ်ဖို့ပစ္စည်းတွေကို ထုတ်ပေးနေသည်။ 

"ဟဲ့ အဲဒါဘာကြီးလဲ"

"အာ အမေ့လက်နှီးစုတ်"

အေးအေးဆေးဆေးဖြေလာသော ရာဇာလင်းသည် အိတ်ထဲက ပုဆိုးကိုလက်နှီးစုတ်လုပ်ထားသည့် အ၀တ်စကိုထုတ်ယူရင်း အေးအေးဆေးဆေးဖြေလာသည်။

"လက်နှီးစုတ်ကဘာလုပ်ဖို့လဲဟ"

"သြော် မင်းတို့က အိမ်ပြောင်းခါစလေ၊ မရှိလောက်ဘူးထင်လို့"

*ဒုန်း

ရုတ်တရတ်စားပွဲပေါ်ကို တစ်ခုခုကျလာသည့်အသံကြောင့် ဟေမာန်ဦးဘက်ကိုကြည့်မိတော့ စားပွဲပေါ်တွင်  သစ်သားတုံးကြီးတစ်ခုရောက်နေသည်။

"ဟေမာန်ဦး အဲဒါဘာလုပ်မလို့လဲ"

"စင့်နီတုံးလေ မေမေကြက်သားတင်ခုတ်နေကျဟာ အသားတင်လှီးရင်လှီးရအောင် သေချာရေဆေးပြီးယူလာတာ"

အေးအေးဆေးဆေးပြောနေကြသည့် သူငယ်ချင်းနှစ်ယောက်ကြောင့် သျှင်မင်းသန့်ရော၊ ဦးမင်းထက်ပါ နားမလည်နိုင်ဖြစ်နေရသည်။ ထို့နောက် ယောက်ချိုတွေရော၊ ထမင်းပေါင်းအိုးတွေရောပါ ပါလာတာမို့ မျက်လုံးတပြူးပြူးနှင့်ဖြစ်နေရ၏။ 

HONEYWhere stories live. Discover now